Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 47:1 - Judson Bible in Zawgyi Version

1 ဖာ​ရော​ဘု​ရင်​သည် ဂါ​ဇ​မြို့​ကို​မ​လုပ်​ကြံ​မီ၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဂါဇ​မြို့​ကို ဖာရော​မင်းကြီး မ​တိုက်ခိုက်​မီ ဖိလိတ္တိ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ ရောက်လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဂါ​ဇ​မြို့​ကို​အီ​ဂျစ်​ဘု​ရင်​မ​တိုက်​ခိုက်​မီ ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 47:1
11 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။


ရှော​လ​မုန်​သည် မြစ်​ကြီး​အ​နောက်​ဘက်၊ တိ​ဖ​သ​မြို့​မှ​အ​ဇ္ဇာ​မြို့​တိုင်​အောင် ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ စစ်​မှု​စစ်​ရေး​မ​ရှိ။


အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင့်​ကို​ရိုက်​သော ကြိမ်​လုံး​ကျိုး​သည်​ကို​ထောက်၍၊ ဝမ်း​မ​မြောက်​နှင့်။ ထို​မြွေ​အ​မျိုး​ထဲ​က မြွေ​ဆိုး​ပေါက်​လိမ့်​မည်။ သူ၏​အ​နွယ်​သည်​လည်း ပျံ​တတ်​သော မီး​မြွေ​ဖြစ်​လိမ့်​မည်။


ဥ​ဇ​မင်း​အ​ပေါင်း၊ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း၊ အာ​ရှ​ကေ​လုန်​ပြည်​သား၊ ဂါ​ဇ​ပြည်​သား၊ ဧ​ကြုန်​ပြည်​သား၊ ကျန်​ကြွင်း​သော အာ​ဇုတ်​ပြည်​သား၊


တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် အ​ငြိုး​ထား၍ မ​နာ​လို​သော​စိတ်​အား​ကြီး​သည်​နှင့် ဒေါ​သ​အ​လို​ကို​ပြည့်​စုံ​စွာ​ပြု၍၊ ရှင်း​ရှင်း​ဖျက်​ဆီး​ခြင်း​ငှာ အ​ပြစ်​ဒဏ်​ပေး​သော​ကြောင့်၊


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖိ​လိ​တ္တိ​လူ​တို့​ကို ငါ​တိုက်၍ ခေ​ရ​သိ​လူ​တို့​ကို ပယ်​ဖြတ်​မည်။ ပင်​လယ်​ကမ်း​နား၌ ကျန်​ကြွင်း​သော​သူ​တို့​ကို ဖျက်​ဆီး​မည်။


အို​တု​ရု​မြို့၊ ဇိ​ဒုန်​မြို့၊ ပါ​လေ​တ္တိ​န​ပြည်​နှင့် နီး​စပ်​သော​အ​ရပ်​ရှိ​သ​မျှ​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​မည်​လော။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​လျှင်၊ ထို​ရန်​ကို သင်​တို့​ခေါင်း​ပေါ်​သို့ အ​လျင်​အ​မြန် ငါ​ပြန်​ရောက်​စေ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ