ယေရမိ 44:30 - Judson Bible in Zawgyi Version30 ယုဒရှင်ဘုရင်ဇေဒကိမင်း အသက်၏ရန်သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ ဇေဒကိမင်းကို ငါအပ်သည်နည်းတူ၊ အဲဂုတ္တုရှင်ဘုရင် ဖာရောဟောဖရာအသက်ကို ရှာသော ရန်သူလက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်30 ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒဘုရင်ဇေဒကိမင်းကြီးအား သူ့အသက်ကိုရန်ရှာသောသူ၏ရန်သူ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်သို့ ငါအပ်သကဲ့သို့ အီဂျစ်ဘုရင်ဖာရောဟောဖရာကိုလည်း သူ၏အသက်ကိုရန်ရှာသော သူ၏ရန်သူတို့လက်သို့ ငါအပ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 ငါသည်ယုဒဘုရင်ဇေဒကိကိုမိမိအား သတ်ဖြတ်လို၍ မိမိ၏ရန်သူဖြစ်သောဗာဗု လုန်ဘုရင်နေဗုခဒ်နေဇာထံအပ်နှင်းသကဲ့ သို့ အီဂျစ်ဘုရင်ဟောဖရာကိုလည်းမိမိ အားသတ်ဖြတ်လိုသောရန်သူများလက် သို့အပ်နှင်းမည်'' ဟုမိန့်တော်မူကြောင်းလူ အပေါင်းတို့အား အထူးသဖြင့်အမျိုး သမီးများအားဆင့်ဆိုလေသည်။- အခန်းကိုကြည့်ပါ။ |
သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင်သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေဖျားလှီးခြင်းကို မခံသောလူ၊ ဓားဖြင့်အသေခံရသော သူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည်ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။