ယေရမိ 44:21 - Judson Bible in Zawgyi Version21 သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ မီးရှို့သောနံ့သာပေါင်းကို ထာဝရဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော်မူသလော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်21 “သင်တို့နှင့် သင်တို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများနှင့် ပြည်သူပြည်သားတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့လမ်းများပေါ်တွင် နံ့သာပေါင်းမီးရှို့ပူဇော်ခဲ့ကြသည်ကို ထာဝရဘုရား မအောက်မေ့ဘဲနေတော်မူမည်လော။ မမှတ်ဘဲနေတော်မူမည်လော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version21 ``ယုဒမြို့များနှင့်ယေရုရှလင်မြို့လမ်း များတွင် သင်တို့နှင့်သင်တို့ဘိုးဘေးများ၊ သင် တို့ဘုရင်များနှင့်ခေါင်းဆောင်များ၊ ပြည်သူ များပူဇော်ခဲ့ကြသည့်ယဇ်များနှင့်ပတ် သက်၍ထာဝရဘုရားသိတော်မမူဟူ၍ သော်လည်းကောင်း၊ မေ့လျော့တော်မူလေပြီ ဟူ၍သော်လည်းကောင်းသင်တို့ထင်မှတ် ကြပါသလော။- အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက်အရှိန်အားကြီးစေသော မြို့ဖြစ်၏။
ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဖူးသကဲ့သို့၊ ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်းရာပူဇော်သကာကို ပြုခြင်းငှာ၊ ကိုယ်အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာစွာနေရကြ၏။