ယေရမိ 44:19 - Judson Bible in Zawgyi Version19 ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကိုလုပ်၍၊ သွန်းလောင်းရာ ပူဇော်သကာပြုလျက် ကိုးကွယ်သလောဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 မိန်းမတို့ကလည်း “ငါတို့သည် ကောင်းကင်မိဖုရားအား နံ့သာပေါင်းမီးရှို့ပူဇော်သောအခါ၊ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းသောအခါ ငါတို့၏ခင်ပွန်းသည်မပါဘဲ မိဖုရားပုံတူမုန့်များကို လုပ်ခဲ့သလော။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခဲ့သလော”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 ထိုနောက်အမျိုးသမီးများက``ငါတို့သည် ကောင်းကင်ဘုရင်မ၏ရုပ်ပုံတူမုန့်များကို ဖုတ်လုပ်၍ ထိုနတ်သမီးအားယဇ်ပူဇော်ကာ သူ၏အဖို့စပျစ်ရည်ပူဇော်သကာများ ကိုသွန်းလောင်းကြသောအခါ ငါတို့၏ခင် ပွန်းများကလည်းငါတို့ပြုသည့်အမှုကို လက်ခံအတည်ပြုခဲ့ကြပါသည်'' ဟုထပ် လောင်းပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |