Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 44:18 - Judson Bible in Zawgyi Version

18 ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို မီး​မ​ရှို့၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​မ​ပြု​ဘဲ နေ​ပြန်​သော​အ​ခါ၊ အ​လွန်​ဆင်း​ရဲ​ခြင်း၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ကောင်းကင်​မိဖုရား​များ​အား နံ့သာပေါင်း​ကို မီးရှို့​မ​ပူဇော်​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကို မ​သွန်းလောင်း​ဘဲ ရပ်တန့်​လိုက်​သည့်​အချိန်​မှစ၍ အရာရာ​၌​ချို့တဲ့​ပြီ​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် ပျက်စီး​ရ​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 သို့​ရာ​တွင်​ကောင်း​ကင်​ဘု​ရင်​မ​ကို​ယဇ်​ပူ​ဇော် မှု၊ သူ့​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း လောင်း​မှု​တို့​ကို​မ​ပြု​ကြ​တော့​သည့်​အ​ချိန် မှ​အ​စ​ပြု​၍ ငါ​တို့​သည်​များ​စွာ​ချို့​တဲ့ လျက်​ငါ​တို့​အ​မျိုး​သား​များ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍​သေ​ရ ကြ​ပါ​၏'' ဟု​ပြော​ကြား​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 44:18
8 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​ဒဏ်​ပေး​သော ဒ​မာ​သက်​မြို့၏​ဘု​ရား​တို့​ကို ငါ​ဆည်း​ကပ်​မည်​ဟူ၍​လည်း​ကောင်း၊ ရှု​ရိ​ရှင်​ဘု​ရင် ကိုး​ကွယ်​သော ဘု​ရား​တို့​သည် ကျေး​ဇူး​ပြု​တတ်​သော​ကြောင့်၊ ငါ၌​လည်း ကျေး​ဇူး​ပြု​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​မည်​ဟူ၍​လည်း​ကောင်း ဆို​သော်​လည်း၊ ထို​ဘု​ရား​တို့​သည် အာ​ခတ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး အ​ကျိုး​နည်း​စ​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။


အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဘက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။


နှင်​ထုတ်​ရာ​ပြည် အ​ရပ်​ရပ်​တို့​မှ ပြန်​လာ၍၊ ယု​ဒ​ပြည်၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ ရောက်​သ​ဖြင့်၊ များ​စွာ​သော စ​ပျစ်​ရည်​နှင့် နွေ​ကာ​လ​အ​သီး​ကို သိမ်း​ယူ​ကြ၏။


သူ​တို့​အ​မိ​သည် ပြည့်​တန်​ဆာ​ဖြစ်၏။ သူ​တို့​ကို ပ​ဋိ​သ​န္ဓေ​ယူ​သော​သူ​သည် ရှက်​ဖွယ်​သော​အ​မှု​ကို ပြု​ပြီ။ သူ​က​လည်း၊ ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​သိုး​မွေး၊ ငါ့​ပိုက်​ဆန်၊ ငါ့​ဆီ၊ ငါ​သောက်​သော​အ​ရည်​တို့​ကို ပေး​တတ်​သော ငါ့​ရည်း​စား​များ နောက်​သို့ ငါ​လိုက်​မည်​ဟု​ဆို​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ