Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 43:3 - Judson Bible in Zawgyi Version

3 ခါ​လ​ဒဲ​လူ​တို့​သည် ငါ​တို့​ကို​သတ်၍ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​စေ​မည်​အ​ကြောင်း၊ သူ​တို့​လက်​သို့ ငါ​တို့​ကို​အပ်​လို​သော​ငှာ၊ နေ​ရိ​သား​ဗာ​ရုတ်​သည် သင့်​ကို နှိုး​ဆော်​တိုက်​တွန်း၏​ဟု ဆို​ကြ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ငါ​တို့​ကို ခါလဒဲ​လူမျိုး​တို့​လက်​သို့​အပ်နှံ​၍ ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ရန်​၊ သို့မဟုတ် သတ်ပစ်​ရန် သင့်​ကို နေရိ​၏​သား​ဗာရုတ်​က နှိုးဆော်​လေ​ပြီ​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 နေ​ရိ​၏​သား​ဗာ​ရုတ်​သည်​ငါ​တို့​အား​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​သတ်​ဖြတ်​နိုင်​ကြ​စေ​ရန် သော်​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​နိုင်​ကြ​စေ​ရန်​သော်​လည်း​ကောင်း သူ​တို့ လက်​သို့​ငါ​တို့​အား​ပေး​အပ်​ရန်​သင့်​ကို လှုံ့​ဆော်​ထား​လေ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 43:3
12 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်၏​မေ​တ္တာ​အ​တွက် သူ​တို့​သည် ရန်​ဘက်​ပြု​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ပ​တ္ထ​နာ​ပြု​လျက်​နေ​ပါ၏။


ဘ​ထွေး​သား ဟာ​န​မေ​လ အ​စ​ရှိ​သော၊ စာ​ချုပ်၌ အ​မည်​ပါ​သော သက်​သေ​များ၊ ထောင်​ဝင်း​ထဲ​မှာ ထိုင်​နေ​သော ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ရှေ့​တွင်၊ မာ​သေ​ယ​သား​ဖြစ်​သော နေ​ရိ၏​သား​ဗာ​ရုတ်၌ အပ်​လျက်၊


ထို​အ​ခါ ဗာ​ရုတ်​သည် ဗိ​မာန်​တော်​တံ​ခါး​သစ်​နား​မှာ၊ အ​ထက်​တံ​တိုင်း​အ​တွင်း၊ စာ​ရေး​တော်​ရှာ​ဖန်​သား ဂေ​မ​ရိ၏​အ​ခန်း၌၊ ယေ​ရ​မိ​စီ​ရင်​သော​စာ​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​လေ၏။


တစ်​ဖန် ရှင်​ဘု​ရင်​သည် စာ​ရေး​ဗာ​ရုတ်​နှင့် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ၊ သား​တော် ယေ​ရ​မေ​လ၊ အာ​ဇ​ရေ​လ​သား စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​သား ရှေ​လ​မိ​တို့​ကို စေ​လွှတ်​လေ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​တော်​မူ၏။


ထို​အ​ခါ​ယေ​ရ​မိ​သည် နေ​ရိ​သား​ဗာ​ရုတ်​ကို ခေါ်​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​သော​စ​ကား​တော်​တို့​ကို ပြန်​ပြော​သည်​အ​တိုင်း၊ ဗာ​ရုတ်​သည် စာ​လိပ်၌ ရေး​ထား​လေ၏။


ထို​မှူး​မတ်​တို့​သည် ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဤ​သူ​သည် ဤ​သို့​သော​စ​ကား​ကို​ပြော​သ​ဖြင့်၊ မြို့​ထဲ​မှာ ကျန်​ကြွင်း​သေး​သော စစ်​သူ​ရဲ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့၏​လက်​ကို အား​လျော့​စေ​တတ်​ပါ၏။ သူ​သည် ဤ​လူ​မျိုး၏​အ​ကျိုး​ကို မ​ပြု​စု​တတ်၊ ဖျက်​ဆီး​တတ်​ပါ၏။ ထို​ကြောင့်၊ သူ့​ကို ကွပ်​မျက်​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊


အ​ကြောင်း​မူ​ကား၊ ပြည်​အုပ်​အ​ရာ၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ခန့်​ထား​သော အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို နာ​သ​နိ​သား​ဣ​ရှ​မေ​လ သတ်​သော​ကြောင့်၊ ခါ​လ​ဒဲ​လူ​တို့​ကို​ကြောက်​ကြ၏။


ပြန်​လာ​သော ယု​ဒ​အ​မျိုး​သား အ​ကျန်​အ​ကြွင်း၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ မင်း​သ​မီး​အ​စ​ရှိ​သော ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ၌​အပ်​သော လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပ​ရော​ဖက်​ယေ​ရ​မိ၊ နေ​ရိ​သား​ဗာ​ရုတ်​ကို​လည်း​ကောင်း၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် တပ်​မှူး​အ​ပေါင်း​တို့​သည်​ယူ၍၊


လူ​တို့​သည် သင်​တို့​ကို ချီး​မွမ်း​သော​အ​ခါ၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့၏ ဘိုး​ဘေး​များ​သည် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ