Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 43:10 - Judson Bible in Zawgyi Version

10 သူ​တို့​အား​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် လူ​ကို​စေ​လွှတ်၍၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊ ငါ​မြှုပ်​ထား​သော ဤ​ကျောက်​တို့​အ​ပေါ်​မှာ၊ သူ၏​ရာ​ဇ​ပ​လ္လင်​ကို ငါ​တည်​မည်။ သူ​သည်​လည်း၊ မိ​မိ​တဲ​တော်​ကို ဤ​ကျောက်​တို့​အ​ပေါ်​မှာ ဖြန့်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ထို့နောက် သူ​တို့​အား ‘အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​၏​အစေအပါး​ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​ကို ငါ​စေလွှတ်​မည်​။ ယေရမိ​အား ငါ​မြှုပ်​စေ​ခဲ့​သော​ကျောက်တုံး​များ​ပေါ်တွင် ထို​ဘုရင်​၏​ရာဇပလ္လင်​ကို ငါ​တည်​မည်​။ သူ​သည်​လည်း ယာယီစံနန်း​ကို တည်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ထို​နောက်​သူ​တို့​အား`ဣသ​ရေ​လ​အမျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဤ​အ​ရပ်​သို့​ခေါ်​ဆောင် လာ​မည်။ ငါ​မြှုပ်​ထား​သည့်​ဤ​ကျောက်​တုံး များ​အ​ပေါ်​တွင်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည် ၍​သူ​၏​တဲ​တော်​ကို​ငါ​ဖြန့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 43:10
19 ပူးပေါင်းရင်းမြစ်များ  

ဗင်္ဟာ​ဒဒ်​သည် မင်း​ကြီး​တို့​နှင့်​တ​ကွ တဲ​တော်၌​သောက်​စဉ်၊ ထို​စ​ကား​ကို​ကြား​လျှင် စစ်​ခင်း​ကျင်း​ကြ​ဟု မိ​မိ​ကျွန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မြို့​ရှေ့​မှာ စစ်​ခင်း​ကျင်း​ကြ၏။


မွန်း​တည့်​အ​ချိန်၌ ထွက်​ကြ၏။ ဗင်္ဟာ​ဒဒ်​မင်း​မူ​ကား၊ ဝိုင်း​သော​မင်း​ကြီး သုံး​ဆယ်​နှစ်​ပါး​တို့​နှင့်​တ​ကွ တဲ​တော်၌ ယစ်​မူး​အောင်​သောက်​လျက် နေ​ကြ၏။


မှောင်​မိုက်​ထဲ​မှာ ပုန်း​ကွယ်​တော်​မူ၍၊ တစ်​ခဲ​နက်​သော​ရေ​နှင့် ထူ​ထပ်​သော မိုး​တိမ်​တို့​သည် ကိုယ်​တော်​ကို ကာ​ရံ​လျက်​ရှိ​ကြ၏။


အ​ကြောင်း​မူ​ကား၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ၊ တဲ​တော်​တွင် ငါ့​ကို ကွယ်​ကာ​တော်​မူ​မည်။ ဗိ​မာန်​တော်​အ​တွင်း​အ​ရပ်၌၊ ငါ့​ကို​ဝှက်​ထား​တော်​မူ​မည်။ ကျောက်​ပေါ်​မှာ​လည်း ငါ့​ကို​တင်​ထား​တော်​မူ​မည်။


လူ​တို့​ပြု​တတ်​သော​ပ​ရိ​ယာယ်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​တွင်း​အ​ရပ်၌ ထို​သူ​တို့​ကို ဝှက်​ထား​တော်​မူ​၏။ ရန်​တွေ့​ခြင်း​အ​သံ​ကို​ကွယ်​ကာ​လျက်၊ တဲ​တော်​တွင် သူ​တို့​ကို စောင့်​မ​တော်​မူ၏။


ကု​ရု​မင်း​ကို​လည်း၊ သင်​သည် ငါ့​သိုး​ထိန်း​ဖြစ်၏။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ပြည့်​စုံ​စေ​လျက်၊ ယေ​ရု​ရှ​လင်​မြို့​တည်​ဆောက်​စေ၊ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ​စေ​ဟု စီ​ရင်​လိမ့်​မည်​ဟူ၍​လည်း​ကောင်း ငါ​ဆို၏။


အ​ကြင်​သူ၏​ရှေ့​မှာ အ​ပြည်​ပြည်​တို့​ကို နှိမ့်​ချ၍၊ ရှင်​ဘု​ရင်​တို့​ကို တန်​ဆာ​ချွတ်​လျက်၊ အ​တွင်း​တံ​ခါး​တို့​ကို မ​ပိတ်​ရ​ဘဲ၊ နှစ်​ရွက်​ရှိ​သော တံ​ခါး​တို့​ကို ဖွင့်​ခြင်း​ငှာ၊ အ​ကြင်​သူ၏ လက်​ယာ​လက်​ကို ငါ​ထောက်​မ၏။ ထို​သူ​တည်း​ဟူ​သော ကု​ရု​မင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​မင်း​အား မိန့်​တော်​မူ​သည်​ကား၊


အ​ကြောင်း​မူ​ကား၊ မြောက်​တိုင်း​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​ခေါ်၍၊ သူ​တို့​သည် လာ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​ဝ​များ​တို့၌​လည်း​ကောင်း၊ မြို့​ရိုး​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း မိ​မိ​တို့ ရာ​ဇ​ပ​လ္လင်​များ​ကို အ​သီး​အ​သီး တည်​ထား​ကြ​လိမ့်​မည်။


သင်​သည် ကြီး​သော ကျောက်​တို့​ကို​ကိုင်​ယူ၍၊ တာ​ပ​နက်​မြို့၌ ဖာ​ရော​ဘု​ရင်၏​အိမ်​တော်​ဝ​နား​မှာ​ရှိ​သော အုတ်​ဖို​မြေ၌၊ ယု​ဒ​လူ​များ​ရှေ့​တွင် မြှုပ်​ထား​လော့။


အဲ​ဂု​တ္တု​ပြည်​ကို လုပ်​ကြံ​ခြင်း​ငှာ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လာ​မည်​အ​ကြောင်း​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ယေ​ရ​မိ​အား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊


ဧ​လံ​ပြည်၌ ငါ၏​ပ​လ္လင်​ကို​တည်​ထား၍၊ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။


ကာ​လ​အ​ချိန် ဥ​တု​များ​ကို ပြောင်း​လဲ​စေ​တော်​မူ၏။ ရှင်​ဘု​ရင်​တို့​ကို​လည်း နှိမ့်​ချ​ချီး​မြှောက်​တော်​မူ၏။ ပ​ညာ​ရှိ​တို့​အား​ပ​ညာ​ကို ပေး​တော်​မူ၏။ ဉာဏ်​ရှိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​အား​ဖြင့်​သာ၊ ထိုး​ထွင်း၍ နား​လည်​တတ်​ကြ၏။


ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ