Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 42:21 - Judson Bible in Zawgyi Version

21 ငါ​သည်​သင်​တို့​အား ယ​နေ့​ကြား​ပြော၏။ သင်​တို့​မူ​ကား၊ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ငါ့​အား​ဖြင့် မှာ​လိုက်​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​စကား​ကို​လည်းကောင်း​၊ ငါ့​ကို သင်​တို့​ထံ​စေလွှတ်​၍ ဆင့်ဆို​စေ​သမျှ​ကို​လည်းကောင်း ယနေ့ သင်​တို့​အား ငါ​ပြောပြ​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ယ​ခု​သင်​တို့​အား​ငါ​ပြန်​လည်​ပြော​ကြား ပြီး​လေ​ပြီ။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား စေ​လွှတ်​၍​ပြော​ကြား​စေ​သ​မျှ​သော​အ​မိန့် တော်​တို့​ကို​ဖီ​ဆန်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 42:21
16 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​လည်း ထို​သူ​တို့​ကို သူ​တို့​နှ​လုံး​ခိုင်​မာ​ခြင်း၌​အပ်၍၊ သူ​တို့​သည် မိ​မိ​တို့​အ​လို​သို့ လိုက်​ကြ၏။


ထို​လူ​များ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား​ဖြင့် မှာ​တော်​မူ​သ​မျှ​သော အ​မိန့်​တော်​တို့​ကို၊ ယေ​ရ​မိ​သည် လူ​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​ကြား​ပြော​သည်​ရှိ​သော်၊


ကာ​ရာ​သား​ယော​ဟ​နန် အ​စ​ရှိ​သော​တပ်​မှူး​များ​နှင့် လူ​များ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​ပြည်၌​နေ​ရ​မည်​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊


ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တာ​ပ​နက်​မြို့​သို့ ရောက်​ကြ၏။


သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။


အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။


ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။


သင်၏​စ​ကား​သည်၊ ကောင်း​မွန်​စွာ​တီး၍ သာ​ယာ​သော​အ​သံ​နှင့် ပြည့်​စုံ​သော​သူ​ဆို​သော၊ နှစ်​သက်​ဖွယ်​သော သီ​ချင်း​ကဲ့​သို့ သူ​တို့၌​ဖြစ်၍၊ သူ​တို့​သည် ကြား​ရ​သော်​လည်း နား​မ​ထောင်​တတ်​ကြ။


သင်​တို့​အ​ကျိုး တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ထိမ်​မ​ဝှက်။ လူ​စု​ဝေး​ရာ၌​လည်း​ကောင်း၊ အိမ်​များ၌​လည်း​ကောင်း၊ သင်​တို့​အား​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​သ​ဖြင့်၊-


ထို​သို့​သော​သူ​သည် ဤ​ကျိန်​ခြင်း​စ​ကား​ကို ကြား​သော​အ​ခါ၊ စိတ်​ခိုင်​မာ​သည်​အ​တိုင်း၊ ငါ​ကျင့်၍ ရေ​ငတ်​ခြင်း​အ​ပေါ်၌ ယစ်​မူး​ခြင်း​ကို ထပ်​ဆင့်​သော်​လည်း၊ ချမ်း​သာ​ရ​မည်​ဟု စိတ်​ထဲ​မှာ ကိုယ်​ကို​ကိုယ် ကောင်း​ချီး​ပေး​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။


ကြည့်​ပါ​တော့၊ အ​သက်​ရှင်​ခြင်း​ချမ်း​သာ​နှင့် သေ​ခြင်း​ဆင်း​ရဲ​တို့​ကို သင့်​ရှေ့​မှာ ယ​နေ့​ငါ​ထား၏။


အ​သက်​ရှင်​ခြင်း၊ သေ​ခြင်း၊ ကောင်း​ချီး​ပေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို သင့်​ရှေ့၌ ငါ​ထား​သည်​ဟု သင့်​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ