Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 41:2 - Judson Bible in Zawgyi Version

2 ထို​အ​ခါ နာ​သ​နိ​သား ဣ​ရှ​မေ​လ​နှင့် ထို​လူ​တစ်​ကျိပ်​တို့​သည်​ထ၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​အုပ်​လုပ်​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ဓား​နှင့်​ခုတ်၍​သတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 နေသနိ​၏​သား​ဣရှမေလ​နှင့် သူ​နှင့်အတူ​ပါလာ​သော​လူ​ဆယ်​ယောက်​တို့​သည် ပြည်​ကို​အုပ်စိုး​ဖို့ ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ထ​၍​ဓား​ဖြင့်​ခုတ်​သတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဓား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 41:2
12 ပူးပေါင်းရင်းမြစ်များ  

အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။


သ​တ္တ​မ​လ​တွင်၊ ဆွေ​တော်​မျိုး​တော် ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည် လူ​တစ်​ကျိပ်​နှင့်​တ​ကွ လာ၍ ဂေ​ဒ​လိ​ကို​လည်း​ကောင်း၊ မိ​ဇ​ပါ​မြို့၌ ဂေ​ဒ​လိ​ထံ​မှာ​ရှိ​သော ယု​ဒ​လူ​တို့​နှင့် ခါ​လ​ဒဲ​လူ​တို့​ကို​လည်း​ကောင်း သေ​အောင်​လုပ်​ကြံ​လေ၏။


အ​ကျွန်ုပ်​ပြု​သော​ကျေး​ဇူး​အ​တွက် မ​ကောင်း​သော​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မေ​တ္တာ​အ​တွက် မုန်း​ခြင်း​ကို​လည်း​ကောင်း ဆပ်​ပေး​ကြ​ပါ၏။


အ​ကယ်​စင်​စစ် ငါ​ယုံ၍၊ ငါ့​မုန့်​ကို​စား​သော အ​ဆွေ​ခင်​ပွန်း​သည် ငါ့​ကို ခြေ​နှင့်​ကျောက်​သ​တည်း။


ကိုယ်​တော်​ကို သတ်​စေ​ခြင်း​ငှာ၊ အ​မ္မုန်​ရှင်​ဘု​ရင် ဗာ​လိတ်​သည် နာ​သ​နိ​သား​ဣ​ရှ​မေ​လ​ကို​စေ​လွှတ်​ကြောင်း​ကို အ​မှန်​သိ​ပါ၏​လော​ဟု မေး​လျှောက်​သော်​လည်း၊ ထို​စ​ကား​ကို အ​ဟိ​ကံ​သား ဂေ​ဒ​လိ​သည်​မ​ယုံ။


အ​ဟိ​ကံ​သား ဂေ​ဒ​လိ​က၊ သင်​သည် ထို​သို့​မ​ပြု​ရ။ ဣ​ရှ​မေ​လ၌ မ​မှန်​သော​စ​ကား​ကို ပြန်​ပြော​ပြီ​ဟု၊ ကာ​ရာ​သား​ယော​ဟ​နန်​အား ပြန်​ပြော​လေ၏။


ယေ​ရ​မိ​သည် ကိုယ်​ရံ​တော်​မှူး​ထံ​မှ မ​ထွက်​မီ၊ ကိုယ်​ရံ​တော်​မှူး​က၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​နယ်​တွင်၊ မြို့​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ထံ​သို့​ပြန်၍၊ ပြည်​သား​များ​နှင့်​အ​တူ နေ​ပါ​လော့။ သို့​မ​ဟုတ်၊ စိတ်​ရှိ​သည်​အ​တိုင်း သွား​ပါ​လော့​ဟု ဆို​လျက်၊ စား​စ​ရိတ်​နှင့် လက်​ဆောင်​ကို​ပေး၍ လွှတ်​လိုက်​လေ၏။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌​ခန့်​ထား၍၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​ယူ​ရာ၌​မ​ပါ​သော ယောက်ျား​မိန်း​မ သူ​ငယ်​ဆင်း​ရဲ​သား အ​ချို့​တို့​ကို သူ၌​အပ်​ကြောင်း​ကို၊ တော​မှာ​ရှိ​သော တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊


နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်​နှင့် ယော​န​သန်၊ တာ​နု​မက်​သား စ​ရာ​ယ၊ နေ​တော​ဖတ်​အ​မျိုး၊ ဧ​ဖဲ၏​သား​များ၊ မာ​ခ​သိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊


ဣ​ရှ​မေ​လ​သည်​လည်း၊ မိ​ဇ​ပါ​မြို့​တွင် ဂေ​ဒ​လိ​ထံ၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ တွေ့​သ​မျှ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ တို့​ကို​လည်း​ကောင်း သတ်​လေ၏။


သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ