Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 41:18 - Judson Bible in Zawgyi Version

18 အ​ကြောင်း​မူ​ကား၊ ပြည်​အုပ်​အ​ရာ၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ခန့်​ထား​သော အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို နာ​သ​နိ​သား​ဣ​ရှ​မေ​လ သတ်​သော​ကြောင့်၊ ခါ​လ​ဒဲ​လူ​တို့​ကို​ကြောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 အကြောင်းမူကား နေသနိ​၏​သား​ဣရှမေလ​သည် ပြည်​ကို​အုပ်စိုး​ဖို့ ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော အဟိကံ​၏​သား​ဂေဒလိ​ကို သတ်လိုက်​သောကြောင့် သူ​တို့​သည် ခါလဒဲ​လူမျိုး​တို့​ကို​ကြောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ဣ​ရှ​မေ​လ​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့​သူ​ဂေ​ဒ​လိ​အား သတ်​ဖြတ်​ခဲ့​သည့်​အ​တွက် သူ​တို့​သည်​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​ကို​ကြောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 41:18
11 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​ခွင့်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​လူ​တို့​ကို အုပ်​ရ​သော​မင်း​အ​ရာ၌၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ခန့်​ထား​တော်​မူ၏။


သ​တ္တ​မ​လ​တွင်၊ ဆွေ​တော်​မျိုး​တော် ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည် လူ​တစ်​ကျိပ်​နှင့်​တ​ကွ လာ၍ ဂေ​ဒ​လိ​ကို​လည်း​ကောင်း၊ မိ​ဇ​ပါ​မြို့၌ ဂေ​ဒ​လိ​ထံ​မှာ​ရှိ​သော ယု​ဒ​လူ​တို့​နှင့် ခါ​လ​ဒဲ​လူ​တို့​ကို​လည်း​ကောင်း သေ​အောင်​လုပ်​ကြံ​လေ၏။


သင်​သည် သ​စ္စာ​ပျက်​သည် တိုင်​အောင်​လည်း​ကောင်း၊ ငါ့​ကို​မေ့​လျော့၍ သ​တိ​မ​ပြု​ဘဲ​နေ​သည် တိုင်​အောင်​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ကြောက်​ရွံ့​သ​နည်း။ ငါ​သည် ရှေး​ကာ​လ​မှ​စ၍ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ သင်​သည် ငါ့​ကို​မ​ကြောက်​ဘဲ နေ​သည်​မ​ဟုတ်​လော။


ယေ​ရ​မိ​သည် ကိုယ်​ရံ​တော်​မှူး​ထံ​မှ မ​ထွက်​မီ၊ ကိုယ်​ရံ​တော်​မှူး​က၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​နယ်​တွင်၊ မြို့​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ထံ​သို့​ပြန်၍၊ ပြည်​သား​များ​နှင့်​အ​တူ နေ​ပါ​လော့။ သို့​မ​ဟုတ်၊ စိတ်​ရှိ​သည်​အ​တိုင်း သွား​ပါ​လော့​ဟု ဆို​လျက်၊ စား​စ​ရိတ်​နှင့် လက်​ဆောင်​ကို​ပေး၍ လွှတ်​လိုက်​လေ၏။


ထို​အ​ခါ ကာ​ရာ​သား ယော​ဟ​နန်၊ ဟော​ရှဲ​သား ယေ​ဇ​နိ​အ​စ​ရှိ​သော တပ်​မှူး​ရှိ​သ​မျှ​တို့​နှ​င့် လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ထံ​သို့ ချဉ်း​ကပ်၍


သင်​တို့​ကြောက်​တတ်​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ထာဝ​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ ထို​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ငါ​သည် သင်​တို့​ကို​ကယ်​တင်၍၊ ထို​မင်း​လက်​မှ နုတ်​ယူ​ခြင်း​ငှာ သင်​တို့​ဘက်၌​ရှိ၏။


သင်​တို့​ကြောက်​သော ဓား​ဘေး​သည် အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​ကို​မီ​လိ​မ့်​မည်။ သင်​တို့​ကြောက်​သော မွတ်​သိပ်​ခြင်း​ဘေး​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​ကို​ကျပ်​ကျပ်​လိုက်၍၊ ထို​ပြည်၌ သင်​တို့​သည် သေ​ကြ​လိ​မ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ