Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 41:11 - Judson Bible in Zawgyi Version

11 ထို​သို့ နာ​သ​နိ​သား ဣ​ရှ​မေ​လ​ပြု​သော အ​မှု​ဆိုး​အ​လုံး​စုံ​တို့​ကို၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် သူ့​ထံ၌​ရှိ​သ​မျှ​သော တပ်​မှူး​တို့​သည်​ကြား​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ကာရာ​၏​သား​ယောဟနန်​နှင့် သူ့​နှင့်အတူ​ပါလာ​သော​စစ်သည်​အကြီးအကဲ​တို့​သည် နေသနိ​၏​သား​ဣရှမေလ​ပြု​ခဲ့​သော မကောင်းမှု​အလုံးစုံ​ကို ကြား​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဣ​ရှ​မေ​လ​ကူး​လွန်​သည့်​ရာ​ဇ​ဝတ်​မှု​များ အ​ကြောင်း​ကို ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် တပ်​မ​တော်​ခေါင်း​ဆောင်​များ​ကြား​သိ​ကြ သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 41:11
8 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​သော​အ​ခါ၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​အ​မျိုး၊ တာ​နု​မက်​သား စ​ရာ​ယ၊ မာ​ခ​လိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊


မြို့​ထဲ​သို့​ရောက်​ပြီး​လျှင်၊ နာ​သ​နိ​သား​ဣ​ရှ​မေ​လ​နှင့် သူ၏​လူ​များ​တို့​သည် ထို​သူ​တို့​ကို​သတ်၍၊ မြေ​တွင်း​ထဲ​သို့ ပစ်​ချ​ကြ၏။


ထို​အ​ခါ ကာ​ရာ​သား ယော​ဟ​နန်၊ ဟော​ရှဲ​သား ယေ​ဇ​နိ​အ​စ​ရှိ​သော တပ်​မှူး​ရှိ​သ​မျှ​တို့​နှ​င့် လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ထံ​သို့ ချဉ်း​ကပ်၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ