Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 41:1 - Judson Bible in Zawgyi Version

1 သ​တ္တ​မ​လ​တွင် ဆွေ​တော်​မျိုး​တော်​ဖြစ်​သော မင်း​သား ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည်၊ လူ​တစ်​ကျိပ်​နှင့်​တ​ကွ၊ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊ ထို​မြို့၌ တစ်​စု​တည်း​စား​သောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​၊ ဘုရင်​၏​ကိုယ်ရံတော်မှူး ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​ရှိ အဟိကံ​၏​မြေး​ဂေဒလိ​ထံသို့ ရောက်လာ​ကြ​၏​။ ထို​မိဇပါ​မြို့​တွင် အတူတကွ စားသောက်​နေ​ကြ​စဉ်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 41:1
25 ပူးပေါင်းရင်းမြစ်များ  

အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။


အာ​ခ​ဇိ၏​မယ်​တော် အာ​သ​လိ​သည် မိ​မိ​သား​သေ​ကြောင်း​ကို သိ​မြင်​သော်၊ ထ၍ ဆွေ​တော်​မျိုး​တော် အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​ခွင့်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​လူ​တို့​ကို အုပ်​ရ​သော​မင်း​အ​ရာ၌၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ခန့်​ထား​တော်​မူ၏။


သ​တ္တ​မ​လ​တွင်၊ ဆွေ​တော်​မျိုး​တော် ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည် လူ​တစ်​ကျိပ်​နှင့်​တ​ကွ လာ၍ ဂေ​ဒ​လိ​ကို​လည်း​ကောင်း၊ မိ​ဇ​ပါ​မြို့၌ ဂေ​ဒ​လိ​ထံ​မှာ​ရှိ​သော ယု​ဒ​လူ​တို့​နှင့် ခါ​လ​ဒဲ​လူ​တို့​ကို​လည်း​ကောင်း သေ​အောင်​လုပ်​ကြံ​လေ၏။


အာ​ခ​ဇိ၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​သား​သေ​ကြောင်း​ကို သိ​မြင်​သော်၊ ထ၍​ယု​ဒ​ပြည်၏​ဆွေ​တော်​မျိုး​တော်​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။


အ​ကျွန်ုပ်​ပြု​သော​ကျေး​ဇူး​အ​တွက် မ​ကောင်း​သော​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မေ​တ္တာ​အ​တွက် မုန်း​ခြင်း​ကို​လည်း​ကောင်း ဆပ်​ပေး​ကြ​ပါ၏။


အ​ကယ်​စင်​စစ် ငါ​ယုံ၍၊ ငါ့​မုန့်​ကို​စား​သော အ​ဆွေ​ခင်​ပွန်း​သည် ငါ့​ကို ခြေ​နှင့်​ကျောက်​သ​တည်း။


မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။


မာ​န​သည် ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။ ဒေါ​သ​သည် ပြင်း​ထန်​တတ်၏။ ငြူ​စူ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ​ဆီး၍ ခံ​နိုင်​သ​နည်း။


နန်း​တော်​အ​တွင်း၊ စာ​ရေး​တော်​အ​ခန်း​သို့ သွား၍၊ စာ​ရေး​တော် ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​သား ဒေ​လာ​ယ၊ အာ​ခ​ဗော်​သား ဧ​လ​နာ​သန်၊ ရှာ​ဖန်​သား ဂေ​မ​ရိ၊ ဟာ​န​နိ​သား ဇေ​ဒ​ကိ​အ​စ​ရှိ​သော မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏။


စာ​လိပ်​ကို စာ​ရေး​တော်​ဧ​လိ​ရှ​မာ၏ အ​ခန်း၌​ထား​ပြီး​မှ နန်း​တော်​အ​တွင်း၊ ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ထို​အ​မှု​ကို အ​ကုန်​အ​စင်​လျှောက်​ကြ၏။


ယေ​ရ​မိ​ကို ထောင်​ဝင်း​ထဲ​က နုတ်​ယူ​ပြီး​လျှင်၊ သူ၏​နေ​ရာ​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ရှာ​ဖန်​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ၌ အပ်​ကြ၏။ သို့​ဖြစ်၍၊ ယေ​ရ​မိ​သည် ပြည်​သား​များ​နှင့်​အ​တူ နေ​ရ​လေ၏။


ထို​နောက်​မှ၊ ကာ​ရာ​သား ယော​ဟ​နန်​သည် တော၌​ရှိ​သော​တပ်​မှူး​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊


ယေ​ရ​မိ​သည် ကိုယ်​ရံ​တော်​မှူး​ထံ​မှ မ​ထွက်​မီ၊ ကိုယ်​ရံ​တော်​မှူး​က၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​နယ်​တွင်၊ မြို့​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ထံ​သို့​ပြန်၍၊ ပြည်​သား​များ​နှင့်​အ​တူ နေ​ပါ​လော့။ သို့​မ​ဟုတ်၊ စိတ်​ရှိ​သည်​အ​တိုင်း သွား​ပါ​လော့​ဟု ဆို​လျက်၊ စား​စ​ရိတ်​နှင့် လက်​ဆောင်​ကို​ပေး၍ လွှတ်​လိုက်​လေ၏။


ထို​အ​ခါ ယေ​ရ​မိ​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​သွား၍၊ ပြည်၌​ကျန်​ကြွင်း​သေး​သော သူ​တို့​နှင့် အ​တူ​နေ​လေ၏။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌​ခန့်​ထား၍၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​ယူ​ရာ၌​မ​ပါ​သော ယောက်ျား​မိန်း​မ သူ​ငယ်​ဆင်း​ရဲ​သား အ​ချို့​တို့​ကို သူ၌​အပ်​ကြောင်း​ကို၊ တော​မှာ​ရှိ​သော တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊


နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်​နှင့် ယော​န​သန်၊ တာ​နု​မက်​သား စ​ရာ​ယ၊ နေ​တော​ဖတ်​အ​မျိုး၊ ဧ​ဖဲ၏​သား​များ၊ မာ​ခ​သိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊


ဆွေ​တော်​မျိုး​တော်​ထဲ​က တစ်​ယောက်​ကို​ယူ၍ ပ​ဋိ​ညာဉ်​ဖွဲ့​လျက် သ​စ္စာ​တိုက်​လေ​ပြီ။


သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ