Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 40:7 - Judson Bible in Zawgyi Version

7 ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌​ခန့်​ထား၍၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​ယူ​ရာ၌​မ​ပါ​သော ယောက်ျား​မိန်း​မ သူ​ငယ်​ဆင်း​ရဲ​သား အ​ချို့​တို့​ကို သူ၌​အပ်​ကြောင်း​ကို၊ တော​မှာ​ရှိ​သော တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​သော ဆင်းရဲသား​ပြည်သား​များ​ဖြစ်​သည့် ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို အုပ်စိုး​ရန် ဘေဘီလုံ​ဘုရင်​သည် အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​ကြောင်း တော​ထဲ၌​ခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့ ကြားသိ​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ယု​ဒ​တပ်​မ​တော်​အ​ရာ​ရှိ​အ​ချို့​နှင့်​စစ်​သူ​ရဲ အ​ချို့​တို့​သည်​လက်​နက်​မ​ချ​ခဲ့​ကြ​ချေ။ သူ တို့​သည်​အ​ဟိ​ကံ​၏​သား​ဂေ​ဒ​လိ​ကို​ဗာ​ဗု လုန်​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် မြို့​သို့​သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​မ​ခံ​ရ​ကြ သူ​တို့​အား​အုပ်​စိုး​စေ​တော်​မူ​ကြောင်း​ကြား​သိ ကြ​၏။ ဤ​သူ​တို့​ကား​တိုင်း​ပြည်​တွင်​အ​ဆင်း​ရဲ ဆုံး​သော​သူ​များ​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 40:7
14 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် စ​ပျစ်​ဥ​ယျာဉ်​ကို​ပြု​စု၍ လယ်​လုပ်​စေ​ခြင်း​ငှာ၊ ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ထား​ခဲ့​လေ၏။


ခါ​လ​ဒဲ လူ​တို့​သည် မြို့​ရိုး​ကို​ဖြို​ဖောက်၍ မြို့​ကို​လည်း ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား ဥ​ယျာဉ်​တော်​နား တံ​ခါး​ဝ​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။


သို့​ရာ​တွင်၊ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​သော ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ယု​ဒ​ပြည်၌​ထား​ခဲ့၍၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် လယ်​ယာ​တို့​ကို ပေး​လေ၏။


ယေ​ရ​မိ​ကို ထောင်​ဝင်း​ထဲ​က နုတ်​ယူ​ပြီး​လျှင်၊ သူ၏​နေ​ရာ​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ရှာ​ဖန်​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ၌ အပ်​ကြ၏။ သို့​ဖြစ်၍၊ ယေ​ရ​မိ​သည် ပြည်​သား​များ​နှင့်​အ​တူ နေ​ရ​လေ၏။


ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း​နှင့် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထို​လူ​များ​ကို​မြင်​လျှင်၊ ည​အ​ခါ​ပြေး၍ ဥ​ယျာဉ်​တော်​လမ်း​ကို​လိုက်​လျက်၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား တံ​ခါး​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။


ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ခါ​လ​ဒဲ​လူ​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​လေ၏။


သ​တ္တ​မ​လ​တွင် ဆွေ​တော်​မျိုး​တော်​ဖြစ်​သော မင်း​သား ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည်၊ လူ​တစ်​ကျိပ်​နှင့်​တ​ကွ၊ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊ ထို​မြို့၌ တစ်​စု​တည်း​စား​သောက်​ကြ၏။


ထို​အ​ခါ အ​ဟိ​ကံ​သား ဂေ​ဒ​လိ၌ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အပ်​သော မင်း​သ​မီး​များ​အ​စ​ရှိ​သော၊ မိ​ဇ​ပါ​မြို့၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည်​သိမ်း​ယူ၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ ထွက်​သွား​လေ၏။


ထို​သို့ နာ​သ​နိ​သား ဣ​ရှ​မေ​လ​ပြု​သော အ​မှု​ဆိုး​အ​လုံး​စုံ​တို့​ကို၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် သူ့​ထံ၌​ရှိ​သ​မျှ​သော တပ်​မှူး​တို့​သည်​ကြား​လျှင်၊


ပြန်​လာ​သော ယု​ဒ​အ​မျိုး​သား အ​ကျန်​အ​ကြွင်း၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ မင်း​သ​မီး​အ​စ​ရှိ​သော ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ၌​အပ်​သော လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပ​ရော​ဖက်​ယေ​ရ​မိ၊ နေ​ရိ​သား​ဗာ​ရုတ်​ကို​လည်း​ကောင်း၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် တပ်​မှူး​အ​ပေါင်း​တို့​သည်​ယူ၍၊


သို့​ရာ​တွင်၊ စ​ပျစ်​ဥ​ယျာဉ်​ကို​ပြု​စု၍ လယ်​လုပ်​စေ​ခြင်း​ငှာ၊ ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ထား​ခဲ့​လေ၏။


ထို​ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ကို ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​မင်း​သား​အား ဆက်​ရ​ကြ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ