Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 40:11 - Judson Bible in Zawgyi Version

11 ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်၌ လူ​အ​ချို့​တို့​ကို​ကျန်​ကြွင်း​စေ၍၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဧ​ဒုံ​ပြည်​အ​စ​ရှိ​သော အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဘေဘီလုံ​ဘုရင်​သည် လူ​အချို့​ကို ယုဒ​ပြည်​၌ ချန်​ထားခဲ့​၍ ထို​သူ​တို့​ကို​အုပ်စိုး​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​အား ခန့်ထား​ကြောင်း​ကို မောဘ​ပြည်​၊ အမ္မုန်​အမျိုးသား​တို့​ပြည်​၊ ဧဒုံ​ပြည်​မှစ၍ အပြည်ပြည်​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့ ကြားသိ​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​ဘု​ရင်​သည် ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​ကို ယု​ဒ​ပြည် တွင်​နေ​ထိုင်​ခွင့်​ပြု​၍​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ကံ ၏​သား​ဂေ​ဒ​လိ​ကို​ဘု​ရင်​ခံ​အဖြစ်​ခန့်​ထား တော်​မူ​ကြောင်း​မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဧ​ဒုံ ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​ရှိ​ဟေ​ဗြဲ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ​လေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 40:11
23 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ဧ​ဒုံ​အ​မည်​ရှိ​သော​ဧ​သော​သည် စိ​ရ​တောင်​ပေါ်​မှာ​နေ​လေ​၏။


သူ​တို့​သည် အ​နောက်​ဘက်၌ ဖိ​လိ​တ္တိ​လူ​များ​ကို လိုက်၍ တိုက်​ကြ​လိမ့်​မည်။ အ​ရှေ့​ပြည်​သား​တို့၏​ဥ​စ္စာ​ကို အ​တူ​လု​ယူ​ကြ​လိမ့်​မည်။ ဧ​ဒုံ​အ​မျိုး​နှင့် မော​ဘ​အ​မျိုး​ကို​လည်း လုပ်​ကြံ​ကြ​လိမ့်​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သူ​တို့၏​အုပ်​စိုး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။


မော​ဘ​ပြည်​မှ​နှင်​ထုတ်​သော သူ​တို့​သည် သင်​နှင့်​အ​တူ နေ​ကြ​စေ​လော့။ ဖျက်​ဆီး​သော​သူ၏ လက်​မှ​လွတ်​စေ​ခြင်း​ငှာ သူ​တို့​ကို​စောင့်​မ​လော့။ သင့်​ကို ညှဉ်း​ဆဲ​သော​သူ​မ​ရှိ။ ဖျက်​ဆီး​သော​သူ ပြတ်​လေ၏။ နှိပ်​နင်း​သော​သူ​တို့​ကို မြေ​ပေါ်​က​ပယ်​ရှင်း​လေ​ပြီ။


သူ​တို့​သည် ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​ခြင်း၊ ပုံ​ခိုင်း​ခြင်း၊ ဆဲ​ရေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို ခံ​ရ​မည်​အ​ကြောင်း၊ ငါ​သည် မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၌ နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​သို့ သူ​တို့​ကို အပ်​လိုက်​မည်။


ထို​အ​ခါ အ​ဟိ​ကံ​သား ဂေ​ဒ​လိ၌ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အပ်​သော မင်း​သ​မီး​များ​အ​စ​ရှိ​သော၊ မိ​ဇ​ပါ​မြို့၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည်​သိမ်း​ယူ၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ ထွက်​သွား​လေ၏။


အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ပြီး​မှ ယု​ဒ​ပြည်၌ နေ​အံ့​သော​ငှာ၊


ပြန်​လာ​သော ယု​ဒ​အ​မျိုး​သား အ​ကျန်​အ​ကြွင်း၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ မင်း​သ​မီး​အ​စ​ရှိ​သော ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ၌​အပ်​သော လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပ​ရော​ဖက်​ယေ​ရ​မိ၊ နေ​ရိ​သား​ဗာ​ရုတ်​ကို​လည်း​ကောင်း၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် တပ်​မှူး​အ​ပေါင်း​တို့​သည်​ယူ၍၊


အဲ​ဂု​တ္တု​လူ၊ ယု​ဒ​လူ၊ ဧ​ဒုံ​လူ၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ ပါး​မုန်း​ကို​ရိတ်​တတ်​သော​လူ​မျိုး၊ တော၌​နေ​သော​သူ​အ​ပေါင်း​တို့​ကို ငါ​ဆုံး​မ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လည်း၊ စိတ်​နှ​လုံး​အား​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။


တစ်​ဖန်​ဧ​ဒုံ​ပြည်​သည် ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ၊ ယု​ဒ​အ​မျိုး​တစ်​ဖက်၌​နေ၍ အ​လွန်​ပြစ်​မှား​သ​ဖြင့်၊ အ​ပြစ်​ဒဏ်​စီ​ရင်​သော​ကြောင့်၊


အ​ချင်း​လူ​သား၊ သင်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊


သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊


တစ်​ဖန် မော​ဘ​ပြည်​နှင့် စိ​ရ​မြို့​က၊ ယု​ဒ​အ​မျိုး​သည် တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​ဆို​သော​ကြောင့်၊


ငါ့​သိုး​တို့​သည် တောင်​များ၊ မြင့်​သော​ကုန်း​များ အ​ပေါ်​မှာ​လဲ၍ မြေ​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ပျံ့​လွင့်​လျက်​နေ၍၊ အ​ဘယ်​သူ​မျှ မ​လိုက်​မ​ရှာ​ကြ။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​မွေ​မြေ​ပျက်​စီး​သည်​ကို သင်​သည် ဝမ်း​မြောက်​သော​ကြောင့်၊ ထို​အ​တူ သင်၌​ငါ​ပြု​မည်။ အို စိ​ရ​တောင်၊ သင်​နှင့်​တ​ကွ ဧ​ဒုံ​ပြည်​သည် အ​ကုန်​အ​စင်​ပျက်​စီး၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


သင်​သည် အ​စဉ်​ရန်​ငြိုး​ဖွဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အ​မှု​ရောက်​သော​ကာ​လ၊ အ​ပြစ်​ကြောင့် ခံ​ရ​သော​ကာ​လ​အ​ဆုံး၌၊ သူ​တို့​အ​သက်​ကို ဓား​နှင့် သတ်​သော​ကြောင့်၊


သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။


အ​နည်း​ငယ်​ကို​လည်း​ယူ၍ ကိုယ်​အ​ဝတ်​နှင့် ထုပ်​လော့။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခ​ရီး​သွား၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တဲ​ဆောက်​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​တ္တိမ်​အ​ရပ်၌ နေ​သော​အ​ခါ၊ အ​ချို့​တို့​သည် မော​ဘ​မိန်း​မ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ၏။


ထို​မိန်း​မ​တို့​သည် မိ​မိ​တို့​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​ရာ​ပွဲ​သို့ ဣ​သ​ရေ​လ​လူ​တို့​ကို ခေါ်​သွား​သ​ဖြင့်၊ ယောက်ျား​တို့​သည် ယဇ်​သား​ကို​စား၍ ထို​ဘု​ရား​ရှေ့​မှာ ဦး​ချ​ကြ၏။


ထို​နောက်​မှ အ​မ္မုန်​အ​မျိုး​သား​နာ​ဟတ်​သည်​လာ၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​အ​နား​မှာ​တပ်​ချ​လျှင်၊ မြို့​သား​အ​ပေါင်း​တို့​က အ​ကျွန်ုပ်​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု နာ​ဟတ်​မင်း​အား လျှောက်​သော်​လည်း၊


နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား ရှင်​ဘု​ရင်​နာ​ဟတ်​သည် စစ်​ချီ​မည်​အ​ကြောင်း​ကို သိ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် အ​ရင်​ကဲ့​သို့​မ​ဟုတ်၊ ရှင်​ဘု​ရင်​သည် အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​မည်​ဟု သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင် လုပ်​လျက်​ပင် ငါ့​အား​လျှောက်​ထား​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ