Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 4:15 - Judson Bible in Zawgyi Version

15 ဒန်​ပြည်၌ အ​သံ​ကို ကြား​ရ၏။ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ဒု​က္ခ​သ​တင်း​ကို ဟစ်​ကြော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ဒန်​မြို့​မှ ကြွေးကြော်​သံ​၊ ဧဖရိမ်​တောင်​ပေါ်မှ သတင်းဆိုး​ကြေညာ​သံ ကြား​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ဒန်​ပြည်​မှ​လာ​သော​စေ​တ​မန်​နှင့် ဧ​ဖ​ရိမ် တောင်​ကုန်း​များ​မှ​ရှေ့​တော်​ပြေး​တို့​က သ​တင်း​ဆိုး​ကို​ကြေ​ညာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 4:15
8 ပူးပေါင်းရင်းမြစ်များ  

ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။


အ​သံ​ကို ကြား​ရ၏။ အ​နီး​သို့​လာ၏။ ယု​ဒ​မြို့​တို့​ကို ဖျက်​ဆီး၍၊ မြေ​ခွေး​နေ​ရာ​တွင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ကြီး​သော အ​သံ​ဗ​လံ​သည် မြောက်​မျက်​နှာ​က​လာ၏။


အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။


သူ့​မြင်း​နှာ​ခေါင်း​ရှူ​သံ​ကို ဒန်​ပြည်​က​ကြား​ရ၏။ သူ့​မြင်း​ရဲ​ဟီ​သံ​ကို​ကြား၍ တစ်​ပြည်​လုံး တုန်​လှုပ်​လေ၏။ သူ​တို့​သည် ရောက်​လာ၍၊ ပြည်​နှင့်​တ​ကွ ပြည်၌​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့်​တ​ကွ မြို့​သား​တို့​ကို​လည်း​ကောင်း စား၍​မျို​ကြ၏။


ယော​ရှု​က၊ သင်​တို့​သည်​အ​မျိုး​ကြီး​ဖြစ်၍ ဧ​ဖ​ရိမ်​တောင်​ကျဉ်း​မြောင်း​လျှင်၊ တော​အ​ရပ်​သို့​သွား၍ ဖေ​ရ​ဇိ​ပြည်၊ ရေ​ဖိမ်​ပြည်၌ ခုတ်​လှဲ​ကြ​လော့​ဟု ပြန်​ပြော၏။


သူ​တို့​သည် ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​တောင်​ပေါ်​မှာ ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ပေါ်​မှာ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​တို့​ကို​လည်း​ကောင်း၊


ထို​မြို့​ကို သူ​တို့​အ​မျိုး၏​အ​ဘ ဣ​သ​ရေ​လ၏​သား ဒန်​အ​မည်​ကို​မှီ​သ​ဖြင့် ဒန်​မြို့​ဟူ၍ တွင်​ကြ၏။ ထို​မြို့​အ​မည်​ဟောင်း​ကား လဲ​ရှ​တည်း။


ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ