ယေရမိ 4:11 - Judson Bible in Zawgyi Version11 ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌ မြင့်သောအရပ်က ငါ၏လူမျိုးသတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှာ လာသောလေမဟုတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်11 ထိုနေ့ရက်၌ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့အား “တောကန္တာရရှိတောင်ကတုံးမှ လေပူသည် ငါ၏လူမျိုးသမီးပျိုထံလာလိမ့်မည်။ သန့်ရှင်းသွားစေရန် လှေ့ထုတ်သောလေမဟုတ်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။- အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုး သတို့သမီးအော်ဟစ်သံကို ဝေးသောပြည်က ကြားရ၏။ ထာဝရဘုရားသည် ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ထဲ၌ ရှိတော်မမူသလော။ တစ်ကျွန်းတစ်နိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့် ပြုကြသနည်း။