ယေရမိ 39:3 - Judson Bible in Zawgyi Version3 ရွှေဓားဝန် နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ် စာသခိမ်၊ မာဂုပညာရှိအုပ် နေရဂါလရှရေဇာ တည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်အစရှိသော မှူးတော်မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ ထိုင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 (ယေရုရှလင်မြို့ကိုသိမ်းယူရရှိသောအခါ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ စာသခိမ် နှင့်အခြားနေရဂါလရှရေဇာတို့အပါ အဝင်ဗာဗုလုန်ဘုရင်၏မှူးမတ်တို့သည် အလယ်တံခါးသို့လာ၍ထိုင်ကြ၏။) အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည် လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌လည်းကောင်း၊ မြို့ရိုးပတ်ဝန်းကျင်အရပ်ရပ်တို့၌လည်းကောင်း၊ ယုဒမြို့ရွာအလုံးစုံတို့၌လည်းကောင်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည်။
ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။