Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 38:28 - Judson Bible in Zawgyi Version

28 ယေ​ရု​ရှ​လင်​မြို့​ကို တိုက်၍​ရ​သော နေ့​တိုင်​အောင်၊ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​ရ၏။ ယေ​ရု​ရှ​လင်​မြို့​သည် ရန်​သူ​လက်​သို့ ရောက်​သော​အ​ခါ၊ ထောင်​ဝင်း​ထဲ​မှာ​ရှိ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ယေရမိ​သည် ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သည့်​နေ့​တိုင်အောင် ထောင်ဝင်း​ထဲတွင်​နေ​ရ​၏​။ ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သော​အချိန်​၌ သူ​သည် ထောင်ဝင်း​ထဲတွင်​ရှိ​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 ငါ​သည်​လည်း​ရန်​သူ့​လက်​သို့​ယေ​ရု​ရှ​လင် မြို့​ကျ​ရောက်​သည့်​နေ့​တိုင်​အောင် နန်း​တော် ဝင်း​အ​တွင်း​၌​နေ​ရ​လေ​တော့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:28
12 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။


ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ရောက်​လာ၍၊


သို့​ဖြစ်၍၊ အ​ကျွန်ုပ်​သ​ခင် အ​ရှင်​မင်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​သော​စ​ကား​ကို နား​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို သေ​စေ​ခြင်း​ငှာ၊ စာ​ရေး​တော်​ယော​န​သန်​အိမ်​သို့ ပြန်​စေ​တော်​မ​မူ​ပါ​နှင့်​ဟု ဇေ​ဒ​ကိ​မင်း​ကြီး​ကို​လျှောက်​ဆို၏။


ထို​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး အ​မိန့်​တော်​ရှိ၍၊ ယေ​ရ​မိ​ကို ထောင်​ဝင်း၌​ထား​ကြ၏။ မြို့​တွင် မုန့်​မ​ကုန်​မီ​တိုင်​အောင်၊ မုန့်​သည်​တန်း​မှ မုန့်​တစ်​လုံး​ကို နေ့​တိုင်း​အ​စဉ် ပေး​ရ၏။ ထို​သို့ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​လေ၏။


ထို​သို့​ယေ​ရ​မိ​ကို မြေ​တွင်း​ထဲ​က ကြိုး​နှင့်​ဆွဲ​တင်​ကြ၏။ ထို​နောက် ယေ​ရ​မိ​သည်​ထောင်​ဝင်း​ထဲ​မှာ နေ​လေ၏။


ထို​အ​ခါ မှူး​မတ်​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ရှိ​ရာ​သို့ လာ၍​မေး​စစ်​ကြ၏။ သူ​သည်​လည်း၊ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ပြန်​ပြော​ပြီး​မှ၊ သူ​တို့​သည် မ​မေး​မ​စစ်​ဘဲ​နေ​ကြ၏။ ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ရိပ်​မိ​ကြ။


ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်၊ မိန်း​မ​စိုး​အုပ် နေ​ဗု​ရှာ​ဇ​ဗန်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​အ​စ​ရှိ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​ပေါင်း​တို့​သည် လူ​ကို​စေ​လွှတ်၍၊


ယေ​ရ​မိ​ကို ထောင်​ဝင်း​ထဲ​က နုတ်​ယူ​ပြီး​လျှင်၊ သူ၏​နေ​ရာ​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ရှာ​ဖန်​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ၌ အပ်​ကြ၏။ သို့​ဖြစ်၍၊ ယေ​ရ​မိ​သည် ပြည်​သား​များ​နှင့်​အ​တူ နေ​ရ​လေ၏။


ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရောက်၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ