Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 38:25 - Judson Bible in Zawgyi Version

25 ငါ​သည် သင်​နှင့် စ​ကား​ပြော​ကြောင်း​ကို မှူး​မတ်​တို့​သည်​ကြား၍ သင်​ရှိ​ရာ​သို့​လာ​လျက်၊ သင်​သည် ရှင်​ဘု​ရင်​အား အ​ဘယ်​သို့ လျှောက်​သည်​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​သည် သင့်​အား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့​အား ကြား​ပြော​ပါ​လော့။ မ​ထိမ်​မ​ဝှက်​ပါ​နှင့် ဟု​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 ငါ​သည် သင်​နှင့်​စကားပြော​ကြောင်း​ကို မှူးမတ်​တို့​ကြားသိ​ပြီး သင့်​ထံသို့​လာ​၍ ‘​သင်​သည် ရှင်ဘုရင်​အား မည်သည့်​စကား​လျှောက်ဆို​၍ ရှင်ဘုရင်​က​လည်း သင့်​အား မည်သည့်​စကား​မိန့်ဆို​သည်​ကို ငါ​တို့​အား ပြောပြ​ပါ​။ ဖုံးကွယ်​မ​ထား​ပါ​နှင့်​။ သင့်​ကို​မ​သတ်​ပါ​’​ဟု ဆို​လာ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25 ငါ​သည်​သင်​နှင့်​စ​ကား​ပြော​ဆို​ခဲ့​ကြောင်း မှူး​မတ်​များ​ကြား​သိ​ကြ​သော​အ​ခါ သူ​တို့ သည်​သင့်​၏​ထံ​သို့​လာ​၍ ငါ​တို့​ပြော​ဆို​ကြ သည့်​ကိစ္စ​ကို​မေး​မြန်း​ကြ​လိမ့်​မည်။ သူ​တို့ က`ငါ​တို့​အား​ပြော​ပြ​လျှင်​သင့်​ကို​ငါ တို့​မ​သတ်​ပါ' ဟု​ကတိ​ပြု​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:25
4 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရှင်​ဘု​ရင်​က၊ ငါ​မေး​မြန်း​သည်​အ​မှု​ကို မ​ထိမ်​မ​ဝှက်​ပါ​နှင့် ဟု​အ​မိန့်​ရှိ​သော်၊ မိန်း​မ​က အ​ရှင်​မင်း​ကြီး​အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။


ဇေ​ဒ​ကိ​က​လည်း၊ ဤ​စ​ကား​ကို အ​ဘယ်​သူ​မျှ​မ​ကြား​မ​သိ​စေ​နှင့်။ သို့​ပြု​လျှင်၊ သင်​သည်​မ​သေ​ရ။


ထို​အ​ခါ မှူး​မတ်​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ရှိ​ရာ​သို့ လာ၍​မေး​စစ်​ကြ၏။ သူ​သည်​လည်း၊ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ပြန်​ပြော​ပြီး​မှ၊ သူ​တို့​သည် မ​မေး​မ​စစ်​ဘဲ​နေ​ကြ၏။ ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ရိပ်​မိ​ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ