Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 38:16 - Judson Bible in Zawgyi Version

16 ဇေ​ဒ​ကိ​မင်း​ကြီး​က​လည်း၊ ငါ​တို့​ကို အ​သက်​ရှင်​သော​သ​တ္တ​ဝါ​ဖြစ်​စေ​ခြင်း​ငှာ ဖန်​ဆင်း​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​ကို​ငါ​မ​သတ်။ သင့်​အ​သက်​ကို​ရှာ​သော ထို​လူ​တို့​လက်​သို့ သင့်​ကို​ငါ​မ​အပ်​ဟု ယေ​ရ​မိ​အား တိတ်​ဆိတ်​စွာ ကျိန်​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုအခါ ဇေဒကိ​မင်းကြီး​က ယေရမိ​အား “​ငါ​တို့​အား ဇီဝအသက်​ပေး​တော်မူ​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို​ငါ​မ​သတ်​။ သင့်​အသက်​ကို ရန်ရှာ​သော​သူ​တို့​လက်​သို့ သင့်​ကို​ငါ​မ​အပ်​”​ဟု တိတ်တဆိတ်​ကျိန်ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား``ငါ​တို့ ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​သင့် အား​သတ်​မည်​မ​ဟုတ်။ သင့်​ကို​သတ်​လို​သူ​တို့ ၏​လက်​သို့​လည်း​ပေး​အပ်​မည်​မ​ဟုတ်'' ဟု လျှို့​ဝှက်​စွာ​က​တိ​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:16
13 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌ မြေ​မှုန့်​သည်​နေ​ရင်း​မြေ​သို့​လည်း​ကောင်း၊ ဝိ​ညာဉ်​သည် အ​ရင်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့​လည်း​ကောင်း ပြန်​သွား​ရ​လိမ့်​မည်။


မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊


ငါ​သည် အ​စဉ်​မ​ပြတ် တ​ရား​တွေ့​မည်​မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​မျက်​ထွက်​မည်​မ​ဟုတ်။ ထို​သို့​ဟုတ်​လျှင်၊ အ​သက်​သည် ငါ့​ရှေ့​မှာ​ပျောက်၍၊ ငါ​ဖန်​ဆင်း​သော​ဝိ​ညာဉ်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်။


သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​သူ​များ လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။ သူ​တို့​အ​သေ​ကောင်​များ​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​များ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။


ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။


ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊ မိုး​ကောင်း​ကင်​ကို ကြက်၍ မြေ​ကြီး​တိုက်​မြစ်​ကို ချ​တော်​မူ​ထ​သော၊ လူ​အ​ထဲ၌ လူ၏​ဝိ​ညာဉ်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊


သူ​တို့​က​ပျပ်​ဝပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​များ​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ လူ​တစ်​ယောက်​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်​လော​ဟု လျှောက်​ဆို​လေ၏။


ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊-


ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သူ​တို့​အား ဇီ​ဝ​အ​သက်​နှင့် တ​ကွ ထွက်​သက်​ဝင်​သက်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်၍၊ တစ်​စုံ​တစ်​ခု​ကို အ​လို​တော်​ရှိ​သ​ကဲ့​သို့ လူ​တို့​လက်​ဖြင့် ကျွေး​မွေး​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။-


ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။


တစ်​နည်း​ကား၊ ကိုယ်​ကာ​ယ​နှင့်​စပ်​ဆိုင်​သော အ​ဘ​တို့​လက်​ဖြင့် ငါ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ရို​သေ​ကြ၏။ ထို​မျှ​မ​က၊ စိတ်​ဝိ​ညာဉ်​တို့၏ အ​ဘ​အ​လို​သို့​လိုက်၍၊ အ​သက်​ချမ်း​သာ​ရ​ကြ​မည် မ​ဟုတ်​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ