Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 38:10 - Judson Bible in Zawgyi Version

10 ရှင်​ဘု​ရင်​က၊ ပ​ရော​ဖက်​ယေ​ရ​မိ မ​သေ​မီ ဤ​အ​ရပ်​မှ လူ​သုံး​ဆယ်​ကို​ခေါ်​သွား၍၊ မြေ​တွင်း​ထဲ​က နုတ်​ယူ​လော့​ဟု၊ ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​ကို အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ရှင်ဘုရင်​က​လည်း အီသီယိုးပီးယား​အမျိုးသား​ဧဗဒမေလက်​အား “ပရောဖက်​ယေရမိ​မသေမီ သင့်​လက်အောက်ငယ်သား လူ​အယောက်​သုံးဆယ်​ကို​ခေါ်​၍ သူ့​ကို ရေတွင်း​ထဲမှ ထုတ်ယူ​လော့​”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ထို​အ​ခါ​မင်း​ကြီး​သည်​ဧ​ဗ​ဒ​မေ​လက်​အား ထို​အ​ရပ်​တွင်​ရှိ​သည့်​လူ​သုံး​ယောက်​ကို​ခေါ် ယူ​ကာ ယေ​ရ​မိ​မ​သေ​မီ​ရေ​တွင်း​ထဲ​မှ​ဆယ် ယူ​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:10
7 ပူးပေါင်းရင်းမြစ်များ  

မိ​ဖု​ရား​ဧ​သ​တာ​သည် တံ​တိုင်း​တော်​ထဲ​မှာ ရပ်​နေ​သည်​ကို ရှင်​ဘု​ရင်​သည်​မြင်​လျှင်၊ နူး​ညွတ်​သော​စိတ်​ရှိ၍ လက်​တော်၌​ပါ​သော ရွှေ​ရာ​ဇ​လှံ​တံ​ကို၊ ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည် ချဉ်း​ကပ်၍ ရာ​ဇ​လှံ​တံ​တော်​အ​ထွဋ်​ကို တို့​လေ၏။


ရှင်​ဘု​ရင် အာ​ရွှေ​ရု​က​လည်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ထိ​ခိုက်​သော​ကြောင့်၊ သူ၏​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ငါ​ပေး​ပြီ။ ထို​သူ​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ကွပ်​မျက်​စေ​ပြီ။


မ​တ​ရား​သော​သူ​တို့၏ ဦး​ချို​အ​ပေါင်း​ကို ငါ​ချိုး​မည်။ တ​ရား​သော​သူ၏ ဦး​ချို​တို့​မူ​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။


ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။


ဧ​ဗ​ဒ​မေ​လက်​သည်​လည်း လူ​တို့​ကို​ခေါ်၍ နန်း​တော်​အ​တွင်း ဘ​ဏ္ဍာ​တိုက်​အောက်​သို့​ဝင်​ပြီး​လျှင်၊ ဟောင်း​နွမ်း​သော အ​ဝတ်​စုတ်​များ​ကို​ယူ​ပြီး​မှ၊ ယေ​ရ​မိ​ရှိ​ရာ မြေ​တွင်း၌ ကြိုး​နှင့်​လျှော့​ချ​လေ၏။


ထို​သို့ ယေ​ရ​မိ​ကို မြေ​တွင်း၌ ချ​ထား​ကြောင်း​ကို နန်း​တော်​အ​ရာ​ရှိ​ဖြစ်​သော​သူ၊ ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​သည် ကြား​သိ​သော​အ​ခါ၊ ရှင်​ဘု​ရင်​သည် ဗင်္ယာ​မိန်​တံ​ခါး​ဝ၌ ထိုင်​နေ​တော်​မူ​စဉ်​တွင်၊


အ​ကျွန်ုပ်​သ​ခင် အ​ရှင်​မင်း​ကြီး၊ ထို​သူ​တို့​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ပြု​လေ​သ​မျှ​တို့၌ မှား​ကြ​ပါ​ပြီ။ မြေ​တွင်း၌ ချ​ထား​ကြ​ပါ​ပြီ။ မြို့၌ မုန့်​ကုန်​သော​ကြောင့်၊ ထို​တွင်း၌ ငတ်​မွတ်၍​သေ​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ