Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 37:5 - Judson Bible in Zawgyi Version

5 ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​သော ခါ​လ​ဒဲ​လူ​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ ဖာ​ရော​ဘု​ရင်၏ ဗိုလ်​ခြေ​များ​စစ်​ချီ၍ လာ​ကြောင်း​ကို​ကြား​လျှင်၊ ထို​မြို့​မှ ထွက်​သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထို​အချိန်​တွင်​ပင် ဖာရော​မင်းကြီး​၏​စစ်တပ်ကြီး အီဂျစ်​ပြည်​မှ​ချီတက်​လာ​ကြောင်း ဂျေရုဆလင်​မြို့​ကို ဝိုင်း​ထား​လျက်​ရှိ​သော ခါလဒဲ​စစ်သည်​တို့ သတင်း​ကြား​သောအခါ ဂျေရုဆလင်​မြို့​မှ တပ်ဆုတ်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ဤ​အ​တော​အ​တွင်း​၌​ဖာ​ရော​ဘု​ရင်​၏​တပ် မ​တော်​သည်​အီ​ဂျစ်​ပြည်​မှ​ချီ​တက်​၍​လာ​၏။ ယင်း​သို့​ချီ​တက်​လာ​ကြောင်း​ကို​ကြား​သိ ကြ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက် လျက်​နေ​သည့်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် ဆုတ်​ခွာ​သွား​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 37:5
7 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​မြစ်​မှ​စ၍ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ပိုင်​သ​မျှ​သော​မြေ​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ယူ​သော​ကြောင့်၊ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် မိ​မိ​ပြည်​မှ မ​ချီ​မ​ထွက်​ရ။


ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မှ​စ၍ မှူး​တော်​မတ်​တော်​တို့​ကို သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​လူ​များ လက်​သို့​လည်း​ကောင်း၊ ယ​ခု​လွှဲ​သွား​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​များ​လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။


ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ဖာ​ရော​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​ကို​ကြောက်​ရွံ့၍၊ ယေ​ရု​ရှ​လင်​မြို့​မှ ဆုတ်​သွား​ကြ​သော​အ​ခါ၊


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ယေ​ရ​မိ​သို့​ရောက်၍၊


ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို​မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို​မှာ​လိုက်​သော ယု​ဒ​ရှင်​ဘု​ရင်​အား ဤ​သို့​ပြန်​ပြော​လော့။ သင်​တို့​ကို​စစ်​ကူ​ခြင်း​ငှာ​လာ​သော ဖာ​ရော​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် သူ​တို့​နေ​ရင်း အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ကြ​လိမ့်​မည်။


သို့​ရာ​တွင်၊ မြင်း​များ၊ လူ​များ​တို့​ကို​တောင်း​ခြင်း​ငှာ သံ​တ​မန်​ကို အဲ​ဂု​တ္တု​ပြည်​သို့​စေ​လွှတ်၍ ပုန်​ကန်​လေ​ပြီ။ ထို​သို့​ပြု​သော​သူ​သည် ကောင်း​စား​ရ​မည်​လော။ ဘေး​လွတ်​ရ​မည်​လော။ သ​စ္စာ​ဖျက်​ပြီး​မှ လွတ်​ရ​မည်​လော။


ဖာ​ရော​ဘု​ရင်​သည်​လည်း လူ​များ​တို့​ကို​သတ်​ခြင်း​ငှာ၊ အား​ကြီး​သော ဗိုလ်​ပါ​အ​လုံး​အ​ရင်း​များ​နှင့်​အ​တူ မြေ​ရိုး​တို့​ကို​ဖို့၍ ရဲ​တိုက်​တို့​ကို ဆောက်​သော်​လည်း၊ သူ့​အ​ဖို့​စစ်​တိုက်၍ မ​နိုင်​ရာ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ