Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 37:2 - Judson Bible in Zawgyi Version

2 ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​တို့​ကို၊ ထို​မင်း​ကြီး​အ​စ​ရှိ​သော ကျွန်​များ၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ထို​မင်း​နှင့် သူ​၏​အစေအပါး​များ​၊ ပြည်သူပြည်သား​များ​တို့​သည် ပရောဖက်​ယေရမိ​အားဖြင့် မိန့်ဆို​ထား​သည့် ထာဝရဘုရား​၏​စကား​တော်​တို့​ကို နား​မ​ထောင်​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဇေ​ဒ​ကိ​နှင့်​သူ​၏​မှူး​မတ်​များ​နှင့်​ပြည်​သူ များ​သည် ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 37:2
15 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က​လည်း၊ ဟာ​နုန်​အ​ဘ​နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​ပြု​သော​ကြောင့်၊ သူ၏​သား၌ ကျေး​ဇူး​ပြု​မည်​ဟု​ဆို​လျက်၊ သူ၏​အ​ဘ​သေ​ရာ​တွင် နှစ်​သိမ့်​စေ​ခြင်း​ငှာ ကျွန်​တို့​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်၏​ကျွန်​တို့​သည် အ​မ္မုန်​ပြည်​သို့​ရောက်​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို​ချစ်၍​ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့်၊ ပ​ရော​ဖက်​နာ​သန်​ကို စေ​ခိုင်း၍ ယေ​ဒိ​ဒိ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​ငယ်​ကို​သင်္ဂြိုဟ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။


ဗာ​ရှာ​သည် ယေ​ရော​ဗောင်​အ​မျိုး​နှင့်​တူ၍ ထို​အ​မျိုး​ကို လုပ်​ကြံ​သော​အ​ပြစ်၊ မိ​မိ​ပြု​မူ​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ရှေ့​တော်၌ ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဗာ​ရှာ​ကို​အ​ကြောင်း​ပြု၍၊ ဟာ​နန်၏​သား​ယေ​ဟု​အား​ဖြင့် ရောက်​လာ​သည်​နှင့်​အ​ညီ၊


ဇေ​ဒ​ကိ​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။


မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​လို​တော်​ရှိ​သော​သူ၏​လက်​တွင် ပေး​လိုက်​တော်​မူ​ပါ​ဟု​လျှောက်​သော်၊


မိုက်​သော​သူ​တွင် မှာ​လိုက်​သော​သူ​သည် ကိုယ်​ခြေ​ကို​ဖြတ်၍ အ​ကျိုး​နည်း​ရှိ၏။


မင်း​သည် မု​သား​စ​ကား​ကို နား​ထောင်​လျှင်၊ ကျွန်​အ​ပေါင်း​တို့​သည် လူ​ဆိုး​ဖြစ်​ကြ​လိမ့်​မည်။


ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​ကို သွား၍​ပြော​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်၍၊ သူ​သည် မီး​ရှို့​လိမ့်​မည်။


အ​ချင်း​ဆိုး​ယုတ်​သော အ​ဓ​မ္မ​ဣ​သ​ရေ​လ​မင်း​သား၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်​သော​အ​ခါ၊ သင်၏​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။


ငါ​သည် ပ​ရော​ဖက်​တို့၌ ဗျာ​ဒိတ်​ပေး​ပြီ။ များ​စွာ​သော ရူ​ပါ​ရုံ​တို့​ကို ပြ​ပြီ။ ပ​ရော​ဖက်​များ​အား​ဖြင့် ပုံ​ပ​မာ​တို့​ကို ထား​ပြီ။


မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ပြု​ကြ၏။


ထို​ကြောင့်၊ ငါ​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် လူ​ကို​သာ ငြင်း​ပယ်​သည်​မ​ဟုတ်၊ ကိုယ်​တော်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ