Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 37:1 - Judson Bible in Zawgyi Version

1 ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော ယော​ယ​ကိမ်​သား​ခေါ​နိ​အ​ရာ၌၊ ယော​ရှိ​မင်း​ကြီး၏​သား ဇေ​ဒ​ကိ​မင်း​ကြီး​သည် နန်း​ထိုင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က မင်းမြှောက်​လိုက်​သော ယောရှိ​မင်းကြီး​၏​သား​တော်​ဇေဒကိ​သည် ယောယကိမ်​မင်းကြီး​၏​သား​တော်​ခေါနိ​၏​နေရာ​၌ ယုဒ​ပြည်​ကို စိုးစံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယော​ယ ကိမ်​သား​ယေ​ခေါ​နိ​မင်း​အ​စား ယော​ရှိ​၏​သား ဇေဒ​ကိ​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား သော်​လည်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 37:1
11 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ခေါ​နိ​ဘ​ထွေး​တော်​မဿ​နိ​ကို ဇေ​ဒ​ကိ​အ​မည်​ဖြင့်​မှည့်၍ ယေ​ခေါ​နိ​အ​ရာ၌ နန်း​တင်၏။


ဇေ​ဒ​ကိ​မင်း​ကြီး​သည် မေ​လ​ခိ​သား ပါ​ရှု​ရ​နှင့်၊ ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား​ဇေ​ဖ​နိ​တို့​ကို ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို စစ်​တိုက်​သည်​ဖြစ်၍၊ သူ့​ကို​ငါ​တို့​ထံ​မှ ပြန်​သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​သ​မျှ​အ​တိုင်း၊ ငါ​တို့၌ တစ်​ဖန်​ပြု​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​ပါ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မင်း​ကြီး၏​သား ခေါ​နိ​သည်၊ ငါ့​လက်​ယာ​လက်၌​ပါ​သော တံ​ဆိပ်​လက်​စွပ်​မှန်​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင့်​ကို ငါ​ပယ်​ပစ်​မည်။


ဤ​မင်း​သား​ခေါ​နိ​သည် ရို​သေ​ဖွယ်​မ​ဟုတ်၊ ကျိုး​ပဲ့​သော​ရုပ်​တု​ဖြစ်​သ​လော။ အ​ဘယ်​သူ​မျှ မ​နှစ်​သက်​သော​တန်​ဆာ ဖြစ်​သ​လော။ သူ​နှင့်​တ​ကွ သူ၏​သား​မြေး​တို့​ကို နှင်​ထုတ်၍၊ သူ​တို့​မ​သိ​ဖူး​သော​ပြည်၌ အ​ဘယ်​ကြောင့် ချ​ပစ်​ရ​သ​နည်း။


ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေေ​ခါ​နိ​မင်း​အ​စ​ရှိ​သော ယု​ဒ​မှူး​မတ်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ရှေ့၌​ထား​သော သင်္ဘော​သ​ဖန်း​သီး တောင်း​နှစ်​လုံး​သည် ထင်​ရှား​လေ၏။


ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​ကို သွား၍​ပြော​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်၍၊ သူ​သည် မီး​ရှို့​လိမ့်​မည်။


ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​သည် အ​ချုပ်​ခံ​ရ​သော သ​က္က​ရာဇ်​သုံး​ဆယ်​ခု​နစ်​နှစ်၊ ဒွါ​ဒ​သ​မ​လ နှစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဧ​ဝိ​လ​မ​ရော​ဒက် နန်း​စံ​စ​က ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​ကို ထောင်​ထဲ​က​နုတ်၍ ချမ်း​သာ​ပေး​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ