ယေရမိ 36:12 - Judson Bible in Zawgyi Version12 နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသား ဒေလာယ၊ အာခဗော်သား ဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာနနိသား ဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်းတို့သည် ထိုင်လျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 စာရေးတော်ကြီးဧလိရှမာ၊ ရှေမာယ၏သားဒေလာယ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သားဂေမရိ၊ ဟာနနိယ၏သားဇေဒကိ စသော အကြီးအကဲအပေါင်းတို့ထိုင်နေသော ဘုရင့်နန်းတော်ဝင်းအတွင်းရှိ စာရေးတော်ကြီးအခန်းသို့ ဆင်းသွား၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သောစကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသော စစ်သူရဲအစရှိသော လူအပေါင်းတို့၏လက်ကို အားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး၏အကျိုးကို မပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကို ကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊