ယေရမိ 35:4 - Judson Bible in Zawgyi Version4 ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေးရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့နေသောအခန်းထဲသို့ ဆောင်သွားပြီးလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ဘုရားသခင်၏လူ ဣဂဒါလိ၏သားဖြစ်သော ဟာနန်၏သားတို့ အခန်းသို့ သွား၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အတွင်းရှိ ရှလ္လုံ၏သား တံခါးစောင့်မာသေယနေသောအခန်း၏အပေါ်ထပ်၌ရှိသော အကြီးအကဲများ၏အခန်းနှင့်ကပ်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ လူတစ်ယောက်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာအစိုးရသော ဘုရားဖြစ်၏။ လွင်ပြင်ကိုအစိုးရသော ဘုရားမဟုတ်ဟု ဆိုမိသောကြောင့်၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို သင့်လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
ခမည်းတော်ဒါဝိဒ် စီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကိုလည်းကောင်း၊ လေဝိသားတို့သည် နေ့ရက်အစဉ် ဝတ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထောမနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကိုလည်းကောင်း၊ တံခါးစောင့်တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်းအမှုကိုလည်းကောင်း၊ အသီးအ သီး ဆောင်ရွက်စေခြင်းငှာ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။
ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့်၊ ယဇ်ပုရောဟိတ် မာသေယသားဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ်၍၊ သူ့ကိုငါတို့ထံမှ ပြန်သွားစေခြင်းငှာ၊ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း၊ ငါတို့၌ တစ်ဖန်ပြုတော်မူမည်အကြောင်း၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန်ပါလော့ဟု မိန့်တော်မူသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊
သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာလည်းကောင်း၊ သူတို့တိုင်ကိုလည်း ငါ့တိုင်အနားမှာလည်းကောင်း တည်စိုက်လျက်၊ ငါနှင့် သူတို့စပ်ကြားမှာ နံရံတစ်ခုတည်းသာရှိလျက်၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော်မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍ သူတို့ကို ဖျက်ဆီးပြီ။