Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 35:16 - Judson Bible in Zawgyi Version

16 ရေ​ခပ်​သား​ဖြစ်​သော ယော​န​ဒပ်၏​သား​မြေး​တို့​သည် မိ​မိ​တို့​အ​ဘ မှာ​ထား​သော​စ​ကား​အ​တိုင်း ကျင့်​ကြ၍၊ ဤ​လူ​မျိုး​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ရေခပ်​၏​သား ယောနဒပ်​၏​သားစဉ်မြေးဆက်​တို့​သည် သူ​တို့​အား​မှာကြား​ထား​ခဲ့​သည့် သူ​တို့​ဘိုးဘေး​တို့​၏​စကား​ကို လိုက်နာ​ကြ​သော်လည်း ဤ​လူမျိုး​မူကား ငါ့​စကား​ကို နား​မ​ထောင်​ကြ​ပါ​တကား​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ယော​န​ဒပ်​၏​သား​မြေး​များ​သည်​မိ​မိ​တို့ ဘိုး​ဘေး​၏​အ​မိန့်​ကို​နား​ထောင်​ကြ​၏။ သင် တို့​မူ​ကား​ငါ​၏​အ​မိန့်​ကို​နား​မ​ထောင် ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 35:16
8 ပူးပေါင်းရင်းမြစ်များ  

ရှော​လု၏​သား၌​ဗာ​နာ​နှင့် ရေ​ခပ်​အ​မည်​ရှိ​သော​သူ​တည်း​ဟူ​သော တပ်​မှူး​နှစ်​ယောက်​ရှိ၏။ သူ​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး ဗေ​ရော​သိ​အ​နွယ် ရိ​မ္မုန်၏​သား​ဖြစ်​ကြ၏။ ဗေ​ရုတ်​မြို့​သည် ဗင်္ယာ​မိန်​ခ​ရိုင်​အ​ဝင်​ဖြစ်​သော်​လည်း၊


နွား​သော်​လည်း မိ​မိ​အ​ရှင်​ကို​သိ​၏။ မြည်း​သော်​လည်း မိ​မိ​သ​ခင်​၏​မြည်း​ဇောင်း​ကို​သိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ငါ့​ကို​မ​သိ​ကြ။ ငါ​၏​လူ​မျိုး​မူ​ကား၊ မ​ဆင်​ခြင်​တတ်​ပါ​တ​ကား။


စ​ပျစ်​ရည်​ကို မ​သောက်​ရ​ဟု၊ ရေ​ခပ်​သား​ယော​န​ဒပ်​သည် မိ​မိ​သား​တို့၌​ထား​သော ပ​ညတ်​စ​ကား​အ​တိုင်း၊ သူ​တို့​သည်​ကျင့်၍ ယ​နေ့​တိုင်​အောင် စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​နေ​လျက်၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​ကြ၏။ ငါ​သည် စော​စော​ထ၍ သင်​တို့​ကို အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။


ဣ​သ​ရေ​လ​အ​မျိုး​၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့ အ​ကျင့်​များ​တို့​ကို ပြု​ပြင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ကို ဤ​အ​ရပ်၌ ငါ​နေ​စေ​မည်။


သား​သည် အ​ဘ​ကို ရို​သေ​တတ်၏။ ကျွန်​သည် သ​ခင်​ကို ကြောက်​ရွံ့​တတ်၏။ ငါ​သည် အ​ဘ​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​သူ ရို​သေ​သ​နည်း။ သ​ခင်​မှန်​လျှင်၊ အ​ဘယ်​သူ​ကြောက်​ရွံ့​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား မေး​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် နာ​မ​တော်​ကို အ​ဘယ်​သို့ မ​ထီ​မဲ့​မြင်​ပြု​ပါ​သ​နည်း​ဟု သင်​တို့​မေး​ရာ​တွင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ