ယေရမိ 35:14 - Judson Bible in Zawgyi Version14 စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောနဒပ်သည် မိမိသားတို့၌ထားသော ပညတ်စကားအတိုင်း၊ သူတို့သည်ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နားထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 ရေခပ်၏သားယောနဒပ်က မိမိအမျိုးသားတို့အား စပျစ်ဝိုင်မသောက်ရဟု မှာကြားခဲ့သည့်ပညတ်ကို သူတို့စောင့်ထိန်းကြ၏။ ရေခပ်အမျိုးသားတို့သည် သူတို့ဘိုးဘေး၏စကားကို နားထောင်လျက် ယနေ့ထိတိုင် စပျစ်ဝိုင်မသောက်ဘဲနေကြ၏။ သင်တို့မူကား ငါအကြိမ်ကြိမ်ဆင့်ဆိုသော်လည်း ငါ့စကားကိုနားမထောင်ကြ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ယောနဒပ်၏သားမြေးတို့သည်စပျစ်ရည် မသောက်ရန်ယောနဒပ်ပေးအပ်ခဲ့သည့်ပညတ် ကိုစောင့်ထိန်းခဲ့ကြလေပြီ။ သူတို့သည်မိမိ တို့ဘိုးဘေး၏အမိန့်ကိုနာခံကြသည်ဖြစ် ၍ ယနေ့တိုင်အောင်အဘယ်သူမျှစပျစ်ရည် ကိုမသောက်ကြ။ သို့ရာတွင်သင်တို့သည် ငါအဖန်ဖန်အထပ်ထပ်သင်တို့အားပြော ဆိုခဲ့သော်လည်းငါ၏စကားကိုနားမ ထောင်။- အခန်းကိုကြည့်ပါ။ |
ငါလာသောအခါ အဘယ်ကြောင့် လူမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနုတ်နိုင်အောင် လက်တိုသလော။ ကယ်ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမသဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည်နံကြ၏။ ရေငတ်၍ သေကြ၏။