Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 35:11 - Judson Bible in Zawgyi Version

11 ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဤ​ပြည်​သို့​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​က၊ လာ​ကြ။ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​နှင့် ရှု​ရိ​စစ်​သူ​ရဲ​တို့​ကို ကြောက်​စ​ရာ​ရှိ​သည်​ဟု အ​ချင်း​ချင်း ပြော​ဆို၍၊ ယ​ခု​ယေ​ရှု​ရှ​လင်​မြို့၌ နေ​ကြ​ပါ​သည်​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် ဤ​ပြည်​ကို လာတိုက်​သောအခါ အကျွန်ုပ်​တို့​က ‘​ခါလဒဲ​စစ်သည်​၊ ဆီးရီးယား​စစ်သည်​တို့​၏​ရန်​ကြောင့် ဂျေရုဆလင်​မြို့​သို့​သွား​မည်​’​ဟု ဆို​လျက် ဂျေရုဆလင်​မြို့​သို့ သွားရောက်​နေထိုင်​ကြ​ပါ​သည်​”​ဟူ၍ ပြန်လည်​ပြောဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 သို့​ရာ​တွင်​ဤ​မြို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ချင်း​နင်း​ဝင်​ရောက်​လာ​သော​အ​ခါ​၌ ဗာ​ဗု​လုန်​နှင့်​ရှု​ရိ​တပ်​များ​ကင်း​ဝေး​စေ​ရန် အ​ကျွန်ုပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ ရောက်​ရန်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ကြ​ပါ​၏။ ထို့​ကြောင့် ယ​ခု​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​တွင် အ​ကျွန်ုပ်​တို့ နေ​ထိုင်​လျက်​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 35:11
8 ပူးပေါင်းရင်းမြစ်များ  

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍၊


ငါ​တို့​သည် အ​ဘယ်​ကြောင့် ထိုင်​လျက်​နေ​ကြ​သ​နည်း။ စု​ဝေး​ကြ​ကုန်​အံ့၊ ခိုင်​ခံ့​သော မြို့​များ​အ​ထဲ​သို့​ဝင်၍ တိတ်​ဆိတ်​စွာ နေ​ကြ​ကုန်​အံ့။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ၍၊ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​တော်​မူ၏။


ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​နေ​သင့်​သော​အ​ရပ်၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။ ထို​သို့​မြင်​ရ​လျှင် ယု​ဒ​ပြည်၌​ရှိ​သော သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ