Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 35:1 - Judson Bible in Zawgyi Version

1 ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား ယော​ယ​ကိမ်​မင်း​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​အုပ်စိုး​ချိန်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ယု​ဒ​ဘု​ရင်​ယော​ရှိ​၏​သား ယော​ယ​ကိမ်​မင်း လက်​ထက်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 35:1
14 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​နေ​ခေါ​သည်​လည်း၊ ယော​ရှိ​သား​ဧ​လျာ​ကိမ်​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်၍ ယော​ယ​ကိမ် အ​မည်​သစ်​ကို ပေး၏။ ယော​ခတ်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ယူ​သွား၍ ထို​ပြည်၌ ယော​ခတ်​သည် သေ၏။


ယော​ယ​ကိမ်​သည်​လည်း ဖာ​ရော​ဘု​ရင် အ​မိန့်​တော်​အ​တိုင်း၊ တစ်​ပြည်​လုံး​တွင် ရွှေ​ငွေ​ခွဲ၍ ဖာ​ရော​ဘု​ရင်​အား အ​ခွန်​ဆက်​ရ၏။ ပြည်​သူ​ပြည်​သား အ​သီး​အ​သီး​တို့​ကို ရွှေ​ငွေ​ခွဲ​သည်​အ​တိုင်း၊ ကျပ်​တည်း​စွာ​တောင်း၍ ဖာ​ရော​နေ​ခေါ​အား ဆက်​လေ၏။


ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး​သား​ယော​ယ​ကိမ် နန်း​စံ စ​တု​တ္ထ​နှစ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​ကို ရည်​မှတ်၍၊ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​ကို၊


ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ယော​ယ​ကိမ် နန်း​ထိုင်​စ​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊


ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား ယော​ယ​ကိမ်​မင်း နန်း​စံ​လေး​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊


သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​အား​ပြော​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဆက်​ဆက်​လာ၍ ဤ​ပြည်​ကို ဖျက်​ဆီး​လိမ့်​မည်။ လူ​နှင့်​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်​ဟူ​သော​စ​ကား​ကို အ​ဘယ်​ကြောင့် ရေး​ထား​သ​နည်း​ဟု သင်​သည်​ဆို၍ စာ​လိပ်​ကို​မီး​ရှို့​ပြီ။


ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ယော​ယ​ကိမ်​မင်း နန်း​စံ​ငါး​နှစ်၊ န​ဝ​မ​လ​တွင် ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​နှင့်၊ ယု​ဒ​မြို့​ရွာ​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လာ​သော သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြော်​ငြာ​ကြ၏။


ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ်​မင်း နန်း​စံ​လေး​နှစ်​တွင်၊ ကာ​ခေ​မိတ်​အ​ရပ်၊ ဥ​ဖ​ရတ်​မြစ်​နား၌ တပ်​ချ၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ လုပ်​ကြံ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​နေ​ခေါ်၏ စစ်​သူ​ရဲ၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​ကို ရည်​မှတ်​သော နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊


ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​လာ၍ ဝန်း​ရံ​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ