Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 34:19 - Judson Bible in Zawgyi Version

19 ယု​ဒ​မင်း၊ ယေ​ရု​ရှ​လင်​မင်း၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​စ​ရှိ​သော၊ နွား​သ​ငယ် ထက်​ခြမ်း​အ​လယ်​သို့ လျှောက်​သွား​သော ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 နွားသငယ်​ထက်ခြမ်း​အလယ်​၌ လျှောက်သွား​သော ယုဒ​လူမျိုး​အကြီးအကဲ​များ​နှင့်တကွ ဂျေရုဆလင်​မြို့​အကြီးအကဲ​များ​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​ကို

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 34:19
14 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် နေ​ဝင်၍​မိုက်​သော​အ​ခါ၊ ခွဲ​ထား​သော​အ​သား​အ​လယ်၌၊ မီး​ခိုး​ထွက်​သော​မီး​ဖို၊ မီး​ထွန်း​လင်း​သော​မီး​ခွက်​သည် ထင်​ရှား​စွာ​လျှောက်​သွား​လေ၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ပြည်​ကို အ​ကျွန်ုပ်​အ​မွေ​ခံ​ရ​မည်​ကို အ​ဘယ်​သို့​သိ​ရ​ပါ​အံ့​နည်း​ဟု မေး​လျှောက်​လေ၏။


ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။


ယေ​ခေါ​နိ​နှင့် မယ်​တော်​အ​စ​ရှိ​သော မိ​ဖု​ရား​များ၊ အ​ရာ​ရှိ​များ၊ အား​ကြီး​သော ပြည်​သား​များ​အ​ပေါင်း၊


ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ထံ၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်​သော ရှာ​ဖန်​သား​ဧ​လာ​သာ​နှင့် ဟိ​လ​ခိ​သား ဂေ​မ​ရိ​တွင်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည်​စာ​ရေး၍ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​သက်​ကြီး​သူ၊


အ​ကြောင်း​မူ​ကား၊ ဝန်​ခံ​သော​မှူး​မတ်၊ ဆင်း​ရဲ​သား​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး​စေ​စား​သော ကျွန်​ယောက်ျား မိန်း​မ​တို့​ကို နောက်​တစ်​ဖန် မ​စေ​စား​ဘဲ​လွှတ်​မည်​ဟု ကြား​သော​အ​ခါ၊ နား​ထောင်၍ လွှတ်​လိုက်​ကြ၏။


ထို​သို့ ယေ​ရ​မိ​ကို မြေ​တွင်း၌ ချ​ထား​ကြောင်း​ကို နန်း​တော်​အ​ရာ​ရှိ​ဖြစ်​သော​သူ၊ ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​သည် ကြား​သိ​သော​အ​ခါ၊ ရှင်​ဘု​ရင်​သည် ဗင်္ယာ​မိန်​တံ​ခါး​ဝ၌ ထိုင်​နေ​တော်​မူ​စဉ်​တွင်၊


ရိ​ဗ​လ​မြို့​မှာ ဇေ​ဒ​ကိ​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​လေ၏။ ယု​ဒ​မှူး​မတ်​အ​ပေါင်း​ကို​လည်း သတ်​လေ၏။


အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။


အ​ကျွန်ုပ်​တို့၏ ရှင်​ဘု​ရင်၊ မင်း​သား အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား ကိုယ်​တော်၏​အခွင့် နှင့် ဟော​ပြော​သော ကိုယ်​တော်၏ကျွန်၊ ပ​ရော​ဖက်​တို့၏​စ​ကား​များ​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ။


အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​ရှင်​ဘု​ရင်၊ မင်း​သား၊ အ​သက်​ကြီး​သူ​မှ​စ၍ အ​ကျွန်ုပ်​တို့​သည် မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ