Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 34:1 - Judson Bible in Zawgyi Version

1 ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ဗိုလ်​ခြေ​အ​ပေါင်း၊ အ​စိုး​ရ​တော်​မူ​သ​မျှ​သော တိုင်း​နိုင်​ငံ​သား၊ လူ​မျိုး​အ​သီး​အ​သီး အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သ​မျှ​သော မြို့​ရွာ​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အားလုံး​၊ သူ​၏​လက်အောက်ခံ​တိုင်းနိုင်ငံ​များ​၊ လူမျိုး​များ​အားလုံး​သည် ဂျေရုဆလင်​မြို့ရွာ​ရှိသမျှ​တို့​ကို တိုက်ခိုက်​လာ​စဉ် ထာဝရဘုရား​ထံ​တော်​မှ​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့် တပ်​မ တော်​သည်​လက်​အောက်​ခံ​နိုင်​ငံ​ရှိ​သ​မျှ​နှင့် လူ​မျိုး​အ​ပေါင်း​တို့​၏​စစ်​တပ်​များ​အ​ကူ အ​ညီ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​နီး အ​နား​ရှိ​မြို့​ရွာ​များ​ကို​တိုက်​ခိုက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 34:1
14 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ မြောက်​တိုင်း​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​ခေါ်၍၊ သူ​တို့​သည် လာ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​ဝ​များ​တို့၌​လည်း​ကောင်း၊ မြို့​ရိုး​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း မိ​မိ​တို့ ရာ​ဇ​ပ​လ္လင်​များ​ကို အ​သီး​အ​သီး တည်​ထား​ကြ​လိမ့်​မည်။


နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ရှစ်​နှစ်၊ ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ နန်း​စံ​ဆယ်​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၏။


ထို​အ​ခါ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ၏။


ယု​ဒ​ပြည်၌ ခိုင်​ခံ့၍ ကျန်​ကြွင်း​သော​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့ တည်း​ဟူ​သော ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သော မြို့​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား ဆင့်​ဆို​လေ၏။


ငါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး ကြား​မှာ​လိုက်​သည်။ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​နေ၍ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော​လူ​မျိုး​တ​ကာ​တို့၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။


အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ကြီး​ပွား၍ ခွန်​အား​နှင့်​ပြည့်​စုံ​တော်​မူ၏။ ဘုန်း​စည်း​စိမ်​တော်​ကြီး​မြင့်၍ မိုး​ကောင်း​ကင်​သို့​ထိ၏။ အာ​ဏာ​စက်​တော်​လည်း၊ မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​တော်​မူ၏။


ပေး​သ​နား​တော်​မူ​သော ထို​ရွှေ​ဘုန်း​တော်​မြတ်​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​သည် ရှေ့​တော်၌ ကြောက်​ရွံ့​တုန်​လှုပ်​လျက် နေ​ကြ၏။ သတ်​လို​သော သူ​တို့​ကို သတ်​တော်​မူ၏။ အ​သက်​ရှင်​စေ​လို​သော သူ​တို့​ကို ရှင်​စေ​တော်​မူ၏။ ချီး​မြှောက်​လို​သော သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ နှိမ့်​ချ​လို​သော​သူ​တို့​ကို နှိမ့်​ချ​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ