ယေရမိ 32:9 - Judson Bible in Zawgyi Version9 အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဖိုးငွေ တစ်ဆယ်ခုနစ်ကျပ် ကို ချိန်ပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ထို့ကြောင့် ငါသည် အာနသုတ်မြို့ရှိ ငါ့ဘထွေး၏သား ဟာနမေလထံမှ လယ်ကိုဝယ်ယူလေ၏။ သူ့ကို ငွေတစ်ဆယ့်ခုနစ်ရှယ်ကယ် ချိန်ပေးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် လျှောက်သွားသောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတစ်ယောက်သည် စစ်ပွဲထဲကထွက်လာ၍ ကျွန်တော်၌ လူတစ်ယောက်ကိုအပ်သဖြင့် ဤလူကိုစောင့်လော့။ တစ်စုံတစ်ခုအားဖြင့် ပျောက်လျှင် သူ့အသက်အတွက် သင့်အသက်သေရမည်။ သို့မဟုတ် ငွေအခွက်တစ်ဆယ်လျော်ရမည်ဟု မှာထားသော်လည်း၊
အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။