Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 32:43 - Judson Bible in Zawgyi Version

43 လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ ဆိတ်​ညံ​ပြီ၊ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ရောက်​လေ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​ပြည်၌၊ နောက်​တစ်​ဖန် လယ်​ယာ​တို့​ကို ရောင်း​ဝယ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

43 လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ ဆိတ်ညံ​သော​ပြည်​၊ ခါလဒဲ​တပ်​၏​လက်​သို့ ရောက်သွား​သော​ပြည်​ဖြစ်​၏​ဟု သင်​တို့​ပြော​သော ထို​ပြည်​မှ​လယ်​ကို ဝယ်ယူ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

43 ဤ​ပြည်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း ကောင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​၏​လက်​တွင်း သို့​ကျ​ရောက်​ရ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း လူ​တို့​ပြော​ဆို​နေ​ကြ​၏။ သို့​ရာ​တွင်​ဤ ပြည်​ရှိ​လယ်​ယာ​များ​ကို​အ​ရောင်း​အ​ဝယ် ပြု​လုပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 32:43
7 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပြည်၌​အိမ်၊ လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို ပိုင်​ရ​ကြ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​သ​ဖြင့်၊ ထို​သူ​တို့​ရှေ့​မှာ ဗာ​ရုတ်​ကို​မှာ​ထား​လေ၏။


ထို​မြို့​တော်​သည် ခါ​လ​ဒဲ​လူ​တို့​လက်​သို့​ရောက်​သော်​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​လယ်​ကို ငွေ​နှင့်​ဝယ်၍၊ သက်​သေ​တို့​ကို ခေါ်​ထား​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။


သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​အား​ဖြင့် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ရောက်​မည်​ဟု သင်​တို့​ဆို​တတ်​သော ဤ​မြို့​ကို​ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ ဆိတ်​ညံ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​အ​ရပ်၌​လည်း​ကောင်း၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ နေ​သော​သူ​မ​ရှိ၊ ဆိတ်​ညံ​သော​ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌​လည်း​ကောင်း၊


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ ဆိတ်​ညံ​သော ဤ​အ​ရပ်​တွင်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့၌ သိုး​စု​ကို​ထိန်း​သော သိုး​ထိန်း​နေ​ရာ​ရှိ​လေ​ဦး​မည်။


ထို​ပြည်၌ စိုး​ရိမ်​စ​ရာ​မ​ရှိ။ အိမ်​ဆောက်​ခြင်း၊ စ​ပျစ်​ဥ​ယျာဉ်​စိုက်​ခြင်း အ​မှု​ကို​ပြု၍ နေ​ကြ​လိမ့်​မည်။ သူ​တို့ ပတ်​လည်၌​နေ၍ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ငါ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​သော​နောက် သူ​တို့​သည် စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ​နေ၍၊ ငါ​သည် သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ