Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 32:12 - Judson Bible in Zawgyi Version

12 ဘ​ထွေး​သား ဟာ​န​မေ​လ အ​စ​ရှိ​သော၊ စာ​ချုပ်၌ အ​မည်​ပါ​သော သက်​သေ​များ၊ ထောင်​ဝင်း​ထဲ​မှာ ထိုင်​နေ​သော ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ရှေ့​တွင်၊ မာ​သေ​ယ​သား​ဖြစ်​သော နေ​ရိ၏​သား​ဗာ​ရုတ်၌ အပ်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ငါ့​ဘထွေး​၏​သား ဟာနမေလ​ရှေ့​၊ အဝယ်​စာချုပ်​၌ လက်မှတ်​ရေးထိုး​သော​သက်သေ​များ​ရှေ့​၊ ထောင်ဝင်း​၌​ထိုင်​နေ​ကြ​သော ဂျူး​လူမျိုး​အားလုံး​ရှေ့​တွင် မာသေယ​၏​မြေး​၊ နေရိ​၏​သား ဗာရုတ်​လက်​သို့ အဝယ်​စာချုပ်​ကို​ပေးအပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​ဗာ​ရုတ်​၏ လက်​သို့​ပေး​အပ်​လိုက်​လေ​သည်။ ထို​စာ​ချုပ် များ​ကို​ငါ​သည်​သူ့​အား​ယာ​န​မေ​လ​၏ ရှေ့​၌​လည်း​ကောင်း၊ အ​ရောင်း​အ​ဝယ်​ပြု​ရာ တွင်​အ​သိ​သက်​သေ​များ​အ​ဖြစ်​လက်​မှတ် ရေး​ထိုး​ခဲ့​သူ​များ​၏​ရှေ့​၌​လည်း​ကောင်း၊ အ​ချုပ်​ထောင်​ဝင်း​အ​တွင်း​တွင်​ထိုင်​လျက် နေ​ကြ​သော​ဟေ​ဗြဲ​အ​မျိုး​သား​၏​ရှေ့​၌ လည်း​ကောင်း​ပေး​အပ်​ခြင်း​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 32:12
10 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊


ထို​သို့ နေ​ရိ​သား​ဗာ​ရုတ်၌ စာ​ချုပ်​ကို​အပ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​အား ငါ​ဆု​တောင်း​သော ပ​တ္ထ​နာ​စ​ကား​ဟူ​မူ​ကား၊


တစ်​ဖန် ရှင်​ဘု​ရင်​သည် စာ​ရေး​ဗာ​ရုတ်​နှင့် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ၊ သား​တော် ယေ​ရ​မေ​လ၊ အာ​ဇ​ရေ​လ​သား စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​သား ရှေ​လ​မိ​တို့​ကို စေ​လွှတ်​လေ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​တော်​မူ၏။


ထို​အ​ခါ ယေ​ရ​မိ​သည် အ​ခြား​သော​စာ​လိပ်​ကို​ယူ၍၊ နေ​ရိ​သား စာ​ရေး​ဗာ​ရုတ်​အား ပေး​သ​ဖြင့်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် မီး​ရှို့​သော​စာ၌ ပါ​သ​မျှ​သော စ​ကား​တို့​ကို ယေ​ရ​မိ​သည်​နှုတ်​မြွက်၍၊ ဗာ​ရုတ်​သည် ရေး​ထား၏။ အ​လား​တူ​သော စ​ကား​အ​များ​ကို​လည်း ထပ်၍​သွင်း​ရ၏။


ဗာ​ဗု​လုန်​မြို့​အ​ပေါ်​မှာ ရောက်​လ​တ္တံ့​သော၊ ဘေး​ဥ​ပဒ်​အ​ပေါင်း​တည်း​ဟူ​သော၊ ဗာ​ဗု​လုန်​မြို့​ကို ရည်​မှတ်၍ ရေး​ထား​သော ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ရေး​ကူး၍၊


သ​ခင်​ဘု​ရား​ရှေ့​တော်၌​သာ​မ​က၊ လူ​တို့​ရှေ့၌ တင့်​တယ်​လျှောက်​ပတ်​သော အ​ကျင့်​ကို ကြံ​စည်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ