Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 29:25 - Judson Bible in Zawgyi Version

25 ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​မာ​သေ​ယ​သား ဇေ​ဖ​နိ​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​များ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​ကို စာ​ပေး​လိုက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 “အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​သည် ယဇ်ပုရောဟိတ်​မာသေယ​၏​သား​ဇေဖနိ​မှစ၍ ယဇ်ပုရောဟိတ်​အပေါင်း​တို့​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​ထံသို့ သင့်​နာမည်​ဖြင့်​စာ​ပို့​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 29:25
16 ပူးပေါင်းရင်းမြစ်များ  

ထို​မှာ​စာ​ကို ဟေ​ဇ​ကိ​မင်း​သည် သံ​တ​မန်၏​လက်​မှ​ခံ​ယူ၍ ကြည့်​ပြီး​လျှင် ဗိ​မာန်​တော်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြန့်​ထား​လေ၏။


နောက်​တစ်​ဖန် ကု​ရှ​မင်း​ကြီး​တိ​ရ​က္က​သည် စစ်​ချီ၍​လာ​ပြီ​ဟု သ​တင်း​ကြား​သော​အ​ခါ၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့ တ​မန်​တို့​ကို စေ​လွှတ်​ပြန်၍၊


ထို​မှ​တစ်​ပါး အ​ခြား​သော​တိုင်း​နိုင်​ငံ​ဘု​ရား​တို့​သည်၊ မိ​မိ​လူ​များ​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​သည် နည်း​တူ၊ ဟေ​ဇ​ကိ​ကိုး​ကွယ်​သော ဘု​ရား​သည်၊ သူ၏​လူ​များ​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​ရ​ဟု​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​သော​စာ​ကို​ရေး၍ ပေး​လိုက်​သေး၏။


ထို​ကာ​လ​တွင်၊ ယု​ဒ​မှူး​မတ်​တို့​သည် များ​စွာ​သော မေ​တ္တာ​စာ​ကို တော​ဘိ​ထံ​သို့​ပေး​လိုက်၍၊ တော​ဘိ​ပြန်​ပေး​သော စာ​အ​များ​ကို​လည်း ရ​ကြ၏။


သူ​တို့​သည် တော​ဘိ​ပြု​သော​အ​မှု​ကောင်း​တို့​ကို ငါ့​အား​ပြန်​ပြော​ကြ၏။ ငါ့​စ​ကား​ကို​လည်း သူ့​အား ပြန်​ပြော​ကြ၏။ သူ​သည်​လည်း ငါ​ကြောက်​စေ​ခြင်း​ငှာ စာ​ပေး​လိုက်​လေ၏။


နောက်​ပ​ဉ္စ​မ​အ​ကြိမ်၌ သ​မ္ဘာ​လတ်​သည် ယ​ခင်​ကဲ့​သို့ မိ​မိ​ကျွန်​ကို စေ​လွှတ်၍၊ ကျွန်​တွင် တံ​ဆိပ်​မ​ခတ်​သော​စာ ပါ၏။


ရှင်​ဘု​ရင်​ယေ​ခေါ​နိ​နှင့်​တ​ကွ မိ​ဖု​ရား​အ​စ​ရှိ​သော မိန်း​မ​စိုး​များ၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ သွား​သော​နောက်၊


ရှေ​မာ​ယ​ပေး​လိုက်​သော​စာ​ကို ယဇ်​ပု​ရော​ဟိတ်​ဇေ​ဖ​နိ​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ရှေ့​မှာ ဖတ်​လေ၏။


တ​ရံ​ရော​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး​သည်၊ ရှေ​လ​မိ​သား ယေ​ဟု​က​လ​နှင့် ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား ဇေ​ဖ​နိ​တို့​ကို ပ​ရော​ဖက်​ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ငါ​တို့​အ​ဖို့ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပါ​လော့​ဟု မှာ​လိုက်၏။


ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။


ထို​ဘာ​သာ​ဝင်​သော ယောက်ျား​မိန်း​မ​တို့​ကို တွေ့​လျှင်၊ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ဆောင်​ရ​မည်​အ​ကြောင်း၊ ဒ​မာ​သက်​မြို့၌ ရှိ​သော တ​ရား​ဇ​ရပ်​မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ၌ ဝင်၍ တောင်း​ပြီး​မှ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ