ယေရမိ 27:18 - Judson Bible in Zawgyi Version18 သူတို့သည် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသော တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်းပန်ကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 သူတို့သည် ပရောဖက်ဖြစ်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့နှင့်အတူရှိမည်ဆိုလျှင် ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်၊ ဂျေရုဆလင်မြို့၌ ကျန်ရစ်သောအသုံးအဆောင်များကို ဘေဘီလုံမြို့သို့ယူဆောင်မသွားရန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တောင်းပန်ကြစေ’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 အကယ်၍ထိုသူတို့သည်ပရောဖက်အစစ် အမှန်ဖြစ်၍ ငါ၏ဗျာဒိတ်တော်ကိုခံယူရ သည်ဆိုပါမူ ယေရုရှလင်မြို့ဗိမာန်တော်နှင့် ဘုရင်နန်းတော်တို့တွင်ကျန်ရှိသည့်ဘဏ္ဍာတို့ ကိုဗာဗုလုန်မြို့သို့သိမ်းယူခွင့်မပြုရန် အနန္တ တန်ခိုးရှင်ငါထာဝရဘုရားအား လျှောက် ထားကြပါစေ။'' အခန်းကိုကြည့်ပါ။ |
သူတို့သည် လူများပေးသောနွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အားထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်း မရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။
အကျွန်ုပ်တို့သည် အထက်ကများသော်လည်း၊ ယခုကိုယ်တော် မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ဖြစ်၍၊ အကျွန်ုပ်တို့ အသနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့အား ပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့အဖို့ ကိုယ်တော်၏ ဘုရားသခင် ထာရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။
လူအပေါင်းတို့က၊ ကိုယ်တော်၏ကျွန်တို့သည် မသေရမည်အကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ကိုယ်တော်ကျွန်တို့အဖို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်းပန်ကြ၏။