ယေရမိ 24:5 - Judson Bible in Zawgyi Version5 ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်းသော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ယုဒပြည်မှ ခါလဒဲပြည်သို့ ငါပို့လိုက်သော၊ ယုဒပြည်မှ ဖမ်းခေါ်သွားခြင်းခံရသောသူတို့သည် ဤကောင်းသောသဖန်းသီးများကဲ့သို့ ဖြစ်ကြ၏။ သူတို့ကို ကောင်းသောသူများအဖြစ် ငါမှတ်ယူမည်။ အခန်းကိုကြည့်ပါ။ |
ထိုတစ်စုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပတ္ထနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။