Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 23:27 - Judson Bible in Zawgyi Version

27 ဘိုး​ဘေး​တို့​သည် ဗာ​လ​ကြောင့် ငါ့​နာ​မ​ကို​မေ့​လျော့​သ​ကဲ့​သို့၊ သူ​တို့​သည် အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​သော အိပ်​မက်​များ​အား​ဖြင့် ငါ၏​လူ​မျိုး​သည် ငါ့​နာ​မ​ကို​မေ့​လျော့​စေ​မည်​ဟု အ​ကြံ​ရှိ​ကြ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ဘိုးဘေး​တို့​သည် ဗာလ​ကို ကိုးကွယ်​ပြီး ငါ့​နာမ​ကို​မေ့လျော့​သကဲ့သို့ သူ​တို့​က သူ​တို့​အချင်းချင်း​ပြောဆို​သော​အိပ်မက်​များ​အားဖြင့် ငါ့​လူမျိုး​တို့ ငါ့​နာမ​ကို​မေ့လျော့​အောင် ကြံစည်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 မိ​မိ​တို့​ဘိုး​ဘေး​များ​သည်​ငါ့​ကို​မေ့​လျော့ ကာ ဗာ​လ​ဘု​ရား​ကို​ဆည်း​ကပ်​ခဲ့​ကြ​သ​ကဲ့ သို့​သူ​တို့​သည် မိ​မိ​တို့​ဟော​ပြော​သည့်​အိပ် မက်​များ​က ငါ​၏​လူ​မျိုး​တော်​အား​ငါ့​ကို မေ့​လျော့​စေ​နိုင်​လိမ့်​မည်​ဟု​သူ​တို့​ထင်​မှတ် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 23:27
14 ပူးပေါင်းရင်းမြစ်များ  

ခ​မည်း​တော်​ဟေ​ဇ​ကိ ဖျက်​ဆီး​သော​ကုန်း​တို့​ကို ပြု​ပြင်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ပြု​သ​ကဲ့​သို့ ဗာ​လ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို​တည်၏။ အာ​ရှ​ရ​ပင်​ကို​လည်း ပြု​စု၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​လည်း ဝတ်​ပြု​ကိုး​ကွယ်၏။


အ​ပျို​မ​သည် မိ​မိ၌​ဆင်​သော တန်​ဆာ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သည် မိ​မိ​ခါး​ပန်း​ကို​လည်း​ကောင်း မေ့​လျော့​နိုင်​သ​လော။ သို့​သော်​လည်း၊ ငါ၏​လူ​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​စွာ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို မေ့​လျော့​ကြ​ပြီ။


ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင်​ရှိ​သော ပ​ရော​ဖက်​ဆ​ရာ၊ အ​နာ​ဂတ်​ဆ​ရာ​တို့​သည် သင်​တို့​ကို မ​လှည့်​စား​ကြ​စေ​နှင့်။ သင်​တို့​မြင်​စေ​သော အိပ်​မက်​တို့​ကို​လည်း မ​ယုံ​မ​မှတ်​ကြ​နှင့်။


မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သို့​လည်း​ကောင်း၊ မိ​ရိုး​ဖ​လာ​အ​တိုင်း ဗာ​လ​ဘု​ရား​တို့ နောက်​သို့​လည်း​ကောင်း လိုက်​ကြ​သော​ကြောင့်၊


အ​နက်​အား​ဖြင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ဟု ဆို​လို​သော ဧ​လု​မ အ​မည်​ရှိ​သော​ထို​သူ​သည် မြို့​ဝန်​ကို ယုံ​ကြည်​ခြင်း​မှ လွှဲ​အံ့​သော​ငှာ တ​မန်​တော်​တို့​ကို ဟန့်​တား​လေ၏။-


ယ​နေ့​ငါ​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို သင်​သည်​မ​စောင့်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​သော​အ​ပြစ်​ကို သ​တိ​နှင့်​ရှောင်​လော့။


သင်​သည် မာ​န​ထောင်​လွှား​ခြင်း​သို့ ရောက်၍၊ အ​ထက်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ထ​သော၊


သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို ယ​နေ့​ကဲ့​သို့ တည်​စေ​လို​သော​ငှာ၊ စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ မော​ဘ​ဘု​ရား၊ အ​မ္မုန်​ဘု​ရား၊ ဖိ​လိ​တ္တိ​ဘု​ရား​တို့​ကို ဝတ်​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​မ​ပြု စွန့်​ထား​ကြ၏။


ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သ​ဖြင့်၊ ဗာ​လ​ဘု​ရား​များ၊ အာ​ရှ​ရ​ပင်​များ​ကို ဝတ်​ပြု​သော​ကြောင့်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ