ယေရမိ 23:2 - Judson Bible in Zawgyi Version2 ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက မိမိလူမျိုးတော်ကိုထိန်းကျောင်းသော သိုးထိန်းတို့အား “သင်တို့သည် ငါ၏သိုးစုကိုကွဲလွင့်စေ၏။ နှင်ထုတ်၏။ သူတို့ကို ဂရုမစိုက်။ ကြည့်ရှုလော့။ သင်တို့ပြုသောဆိုးညစ်မှုကြောင့် သင်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''- အခန်းကိုကြည့်ပါ။ |
အို ဒါဝိဒ်မင်းကြီးအမျိုး၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသောသူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ သို့မဟုတ်၊ သင်တို့ပြုသောဒုစရိုက်အပြစ်ကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍၊ အဘယ်သူမျှမသတ်နိုင်အောင် လောင်လိမ့်မည်။
အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတစ်ဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသော အကောင်ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသောအကောင်ကို အနာပျောက်စေခြင်းငှာ မပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့်မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။