ယေရမိ 21:7 - Judson Bible in Zawgyi Version7 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက်မှ နာဘေး၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသောရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်းကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ဓားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ၊ သူတို့အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ရာယဇ်ကို သော်လည်းကောင်း၊ ပူဇော်သကာကိုသော်လည်းကောင်း၊ ဆက်ကပ်သောအခါ ငါလက်မခံ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟုမိန့်တော်မူလျှင်၊
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်နှင့် သင်၏အဆွေခင်ပွန်းတို့၌၊ သင့်ကို ကြောက်မက်ဖွယ်သောအရာ ဖြစ်စေမည်။ သူတို့သည်လည်း၊ သင့်မျက်မှောက်၌ ရန်သူ၏ဓားဖြင့် ဆုံးကြလိမ့်မည်။ ယုဒပြည်တစ်ပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်သဖြင့်၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့သိမ်းသွား၍၊ ဓားနှင့် သတ်လိမ့်မည်။
သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အားပြောဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလိမ့်မည်ဟူသောစကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။