Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 13:12 - Judson Bible in Zawgyi Version

12 တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊ သား​ရေ​ဘူး​ရှိ​သ​မျှ​တို့​သည် စ​ပျစ်​ရည်​နှင့် ပြည့်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် သူ​တို့​အား​ပြော​လော့။ သူ​တို့​က​လည်း၊ သား​ရေ​ဘူး​ရှိ​သ​မျှ​တို့​သည် စ​ပျစ်​ရည်​နှင့် ပြည့်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို၊ ငါ​တို့​မ​သိ​သ​လော​ဟု ပြန်​ပြော​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 သင်​သည်​လည်း သူ​တို့​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘အိုး​ရှိသမျှ​သည် စပျစ်ဝိုင်​နှင့်​ပြည့်​ရ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြော​လော့​။ ထိုအခါ သူ​တို့​က “အိုး​ရှိသမျှ​သည် စပျစ်ဝိုင်​နှင့်​ပြည့်​ရ​မည်​ကို ငါ​တို့​မ​သိ​သလော”​ဟု ပြန်ပြော​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ယေ​ရ​မိ၊ စ​ပျစ် ရည်​အိုး​မှန်​သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​ကြ မည်​ဟု ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​ပြော ကြား​ရ​မည်။ သူ​တို့​က​စ​ပျစ်​ရည်​အိုး​ရှိ သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​မည်​ဖြစ်​ကြောင်း မိ​မိ​တို့​သိ​ပါ​သည်​ဟု​ပြန်​ပြော​ကြ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 13:12
4 ပူးပေါင်းရင်းမြစ်များ  

ခါး​ပန်း​သည် လူ၏​ခါး၌​မှီ​ဝဲ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ပေါင်း​တို့​သည် ငါ၏​လူ​မျိုး၊ ဘွဲ့​နာ​မ၊ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ငါ၌​မှီ​ဝဲ​စေ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ယစ်​မူး​ခြင်း​နှင့် ငါ​ပြည့်​စေ​မည်။


သူ​တို့​အ​လယ်​သို့ ငါ​စေ​လွှတ်​သော​ဓား​ကြောင့် သူ​တို့​သည်​သောက်၍ ယစ်​မူး​တိမ်း​ယိမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊


လူ​များ​တို့​က​လည်း ဤ​သို့​သင်​ပြု​သော​အ​မှု​သည် ငါ​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ​တို့​အား​မ​ပြော​သ​လော​ဟု ငါ့​အား​မေး​ကြ​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ