Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 13:1 - Judson Bible in Zawgyi Version

1 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ချည်​ခါး​ပန်း​ကို​သွား၍​ယူ​ပြီး​လျှင် ခါး၌​စည်း​လော့။ ရေ​နှင့်​မ​လျှော်​ရ​ဟု ငါ့​အား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထာဝရဘုရား​က “​ချည်ချော​ခါးပတ်​တစ်​ခု​ကို သွား​ဝယ်​ပြီးလျှင် သင့်​ခါး​၌​စည်း​လော့​။ ရေ​မ​စိမ်​နှင့်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ထာ​ဝ​ရ​ဘု​ရား​သည် ပိတ်​ခါး​ဝတ်​ကို​သွား ရောက်​ဝယ်​ယူ​ဝတ်​ဆင်​ရန်​ငါ့​အား​မိန့်​တော်​မူ ပြီး​လျှင် ထို​ခါး​ဝတ်​ကို​ရေ​မ​စွတ်​စို​စေ​ရန် လည်း​မှာ​ကြား​တော်​မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 13:1
9 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ဟေ​ရှာ​ယ​သည် အဲ​ဂု​တ္တု​ပြည်​နှင့် ကု​ရှ​ပြည်၌ ပု​ပ္ပ​နိ​မိတ်၊ အံ့​ဖွယ်​သော​အ​ရာ​ကို ပြ​ခြင်း​ငှာ၊ သုံး​နှစ်​ပတ်​လုံး အ​ဝတ်​ကို​မ​ဝတ်၊ ခြေ​နင်း​ကို​မ​စီး​ဘဲ သွား​လာ​သ​ကဲ့​သို့၊


ခါး​ပန်း​သည် လူ၏​ခါး၌​မှီ​ဝဲ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ပေါင်း​တို့​သည် ငါ၏​လူ​မျိုး၊ ဘွဲ့​နာ​မ၊ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ငါ၌​မှီ​ဝဲ​စေ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


သင်​သည် ထ၍ အိုး​ထိန်း​သ​မား​အိမ်​သို့ သွား​လော့။ ထို​အ​ရပ်၌ ငါ့​စ​ကား​ကို ငါ​ကြား​စေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အိုး​ထိန်း​သ​မား​ထံ​သို့ သွား၍ ရေ​ဘူး​ကို​ယူ​ပြီး​လျှင်၊ အ​သက်​ကြီး​သော​လူ၊ အ​သက်​ကြီး​သော ယဇ်​ပု​ရော​ဟိတ် အ​ချို့​တို့​နှင့်​တ​ကွ၊


ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ကြိုး​နှင့်ထမ်း​ပိုး​များ​ကို​လုပ်၍၊ သင်၏​လည်​ပင်း၌​တပ်​လော့။


သင်​သည် ကြီး​သော ကျောက်​တို့​ကို​ကိုင်​ယူ၍၊ တာ​ပ​နက်​မြို့၌ ဖာ​ရော​ဘု​ရင်၏​အိမ်​တော်​ဝ​နား​မှာ​ရှိ​သော အုတ်​ဖို​မြေ၌၊ ယု​ဒ​လူ​များ​ရှေ့​တွင် မြှုပ်​ထား​လော့။


ငါ​တို့​ရှိ​ရာ​သို့​ဝင်​သ​ဖြင့်၊ ပေါ​လု၏​ခါး​ပန်း​ကို​ယူ၍ မိ​မိ​ခြေ​လက်​ကို​ချည်​နှောင်​ပြီး​လျှင်၊ ဤ​ခါး​ပန်း​ရှင်​ကို ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​သည်​ဟု ဆို၏။-


ရှေး​လွန်​လေ​ပြီး​သော​အ​ခါ ပ​ရော​ဖက်​များ​အား​ဖြင့် ဘိုး​ဘေး​တို့​အား အ​ထပ်​ထပ်​အ​နည်း​နည်း ဗျာ​ဒိတ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ဤ​နောက်​ဆုံး​ကာ​လ​အ​ခါ မိ​မိ​သား​တော်​အား​ဖြင့် ငါ​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ