ယေရမိ 12:7 - Judson Bible in Zawgyi Version7 ငါသည် ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကိုပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ရန်သူလက်သို့ အပ်နှံပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 ငါ့အိမ်ကို ငါစွန့်ပစ်ပြီ။ ငါ့အမွေကိုလည်း ငါပစ်ထားပြီ။ ငါ့အသက်တမျှချစ်ရသောသူကို ရန်သူလက်သို့ ငါအပ်လိုက်ပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ထာဝရဘုရားက၊ ``ငါသည်ငါ၏အိမ်ကိုစွန့်ပစ်လိုက်လေပြီ။ ငါရွေးချယ်ထားသည့်ငါ၏အမွေခံကိုပစ်ပယ် လိုက်လေပြီ။ ငါချစ်မြတ်နိုးသည့်လူတို့အားရန်သူများ၏ လက်သို့ အပ်နှံလိုက်လေပြီ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင်ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကိုမျှော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မျှော်လင့်သော်လည်း၊ ဘေးနှင့်သာတွေ့ရကြပါ၏။
ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစ်စုံတစ်ယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော် အဘယ်သို့နည်းဟု သင့်ကိုမေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။