ယေရမိ 1:5 - Judson Bible in Zawgyi Version5 သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကိုငါသိပြီ။ မဖွားမီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဖို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 “သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆိုသော် အခန်းကိုကြည့်ပါ။ |
ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံတော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တစ်ဖန်ဆောင်ခဲ့ရသောကျွန် ဖြစ်စေမည်အကြောင်း၊ ငါ့ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
သို့ရာတွင်၊ သူတို့ကိုရွေးနုတ်သောသခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည် သူတို့အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ်စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ယှက်လျက် ပြုတော်မူမည်။