Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 8:10 - Judson Bible in Zawgyi Version

10 ထို​အ​ခါ ဓား​ကိုင်​သော လူ​တစ်​သိန်း​နှစ်​သောင်း သေ​သော​ကြောင့်၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​သား​အ​ပေါင်း​တို့​တွင် ကျန်​ကြွင်း​သော လူ​တစ်​သောင်း​ငါး​ထောင်​ခန့်​မျှ​သာ ပါ​လျက်၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​သည် ကာ​ကော်​မြို့၌ ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 အရှေ့​ပြည်သား​စစ်သည်​အပေါင်း​တို့​ထဲမှ ဓား​ကိုင်​စစ်သည်​တစ်သိန်းနှစ်သောင်း​ကျဆုံး​သွား​သဖြင့် ကြွင်းကျန်​သော​စစ်သည်​တစ်သောင်းငါးထောင်​တို့​သာ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​နှင့်အတူ ကာကော်​မြို့​၌ ရှိ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​သည် မိ​မိ​တို့​၏​တပ်​မ တော်​နှင့်​အ​တူ ကာ​ကော်​မြို့​၌​ရှိ​ကြ​၏။ သဲ​ကန္တာရ နေ​သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​အ​နက် လူ​တစ်​သိန်း​နှစ်​သောင်း​ကျ​ဆုံး​၍​တစ်​သောင်း ငါး​ထောင်​သာ​ကျန်​တော့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 8:10
17 ပူးပေါင်းရင်းမြစ်များ  

မော​ဘ​မင်း​ကြီး​သည် အ​တိုက်​မ​ခံ​နိုင်​သည်​ကို​သိ​သော​အ​ခါ၊ ဓား​ကိုင်​သော​သူ​ခု​နစ်​ရာ​ကို​ခေါ်၍ ဧ​ဒုံ​ရှင်​ဘု​ရင်၏​တပ်​ကို​ဖျက်​မည်​ဟု အား​ထုတ်​သော်​လည်း မ​ဖျက်​နိုင်။


အ​ဘိ​ယ​နှင့် သူ၏​လူ​တို့​သည် ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​ကို ပြု၍၊ ရွေး​ချယ်​သော ဣ​သ​ရေ​လ​လူ ငါး​သိန်း​လဲ​သေ​သ​ဖြင့်၊


တစ်​ဖန် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​ရေ​မ​လိ​သား ပေ​ကာ​သည် ကြမ်း​တမ်း​စွာ​လုပ်​ကြံ၍၊ ရဲ​ရင့်​သော​ယု​ဒ​အ​မျိုး​သား တစ်​သိန်း​နှစ်​သောင်း​ကို တစ်​နေ့​ချင်း​တွင် သတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​သ​တည်း။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း၊ မိ​မိ​တို့​နှင့် ပေါက်​ဖော်​တော်​သော ယောက်ျား၊ မိန်း​မ၊ သား၊ သ​မီး​ပေါင်း​နှစ်​သိန်း​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ၏။ များ​စွာ​သော​ဥ​စ္စာ​ကို​လည်း လု​ယူ၍ ရှာ​မာ​ရိ​မြို့​သို့ ဆောင်​သွား​ကြ၏။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ကောင် ဖြစ်​ကြ၏။


အ​ကြောင်း​မူ​ကား၊ မိ​ဒျန်​လက်​ထက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ ကိုယ်​တော်​သည် သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး၊ ကျော၌​ခံ​ရ​သော တုတ်​ကို​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ၏ လှံ​တံ​ကို​လည်း​ကောင်း ချိုး​တော်​မူ​ပြီ။


ထို​အ​ခါ ဂိ​ဗာ​မြို့​သား ယောက်ျား​ကောင်း ခု​နစ်​ရာ​မှ​တစ်​ပါး အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ဗင်္ယာ​မိန် အ​မျိုး​သား​အ​ရေ​အ​တွက်​ကား၊ ဓား​လက်​နက်​စွဲ​ကိုင်​သော​သူ နှစ်​သောင်း​ခြောက်​ထောင်​တည်း။


ဗင်္ယာ​မိန်​အ​မျိုး​သား​မှ​တစ်​ပါး ဓား​လက်​နက်​စွဲ​ကိုင်၍ စစ်​သူ​ရဲ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရေ​အ​တွက်​ကား လေး​သိန်း​တည်း။


ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း၊ ပြည်​သား​အ​ပေါင်း​တို့၏ အ​ကြီး​အ​ကဲ​တို့​သည် စည်း​ဝေး​ကြ​သော်၊ ဘု​ရား​သ​ခင်၏​လူ၊ ဓား​လက်​နက်​စွဲ​ကိုင်​သော ခြေ​သည်​သူ​ရဲ လေး​သိန်း​နှင့်​တ​ကွ ချဉ်း​ကပ်​ကြ၏။


ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က ထွက်​ပြီး​လျှင်၊ ဓား​လက်​နက်​စွဲ​ကိုင်​သော ဣ​သ​ရေ​လ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို မြေ​ပေါ်၌​လှဲ၍ သတ်​ကြ၏။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဗင်္ယာ​မိန်​လူ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ ရှုံး​စေ​တော်​မူ​သ​ဖြင့်၊ ထို​နေ့​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဓား​လက်​နက်​စွဲ​ကိုင်​သော ဗင်္ယာ​မိန်​လူ နှစ်​သောင်း​ငါး​ထောင်​တစ်​ရာ​တို့​ကို ပယ်​ရှင်း​ကြ၏။


ထို​နေ့​တွင် လဲ၍​သေ​သော ဗင်္ယာ​မိန် ဓား​စွဲ​သူ​ရဲ​တို့ အ​ရေ​အ​တွက်​ကား၊ နှစ်​သောင်း​ငါး​ထောင်​တည်း။


အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​များ၊ တဲ​များ​ပါ​လျက်၊ ကျိုင်း​ကောင်​များ​ပြား​သ​ကဲ့​သို့၊ သူ​တို့​နှင့် ကု​လား​အုတ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​ကို ဖျက်​ဆီး​လျက် လာ​ကြ၏။


မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် ချိုင့်၌​အိပ်​လျက်၊ ကျိုင်း​ကောင်​နှင့်​အ​မျှ များ​ကြ၏။ ကု​လား​အုတ်​တို့​သည်​လည်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​တိုင်း​မ​သိ​များ​ကြ၏။


ဂိ​ဒေါင်​သည် ရောက်​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် မိ​မိ​မြင်​မက်​သော အိပ်​မက်​ကို မိ​မိ​အ​ပေါင်း​အ​ဖော်​အား ပြန်​ပြော​သည်​မှာ၊ ငါ​မြင်​မက်​သည်​ကား၊ မု​ယော​မုန့်​တစ်​ပြား​သည် မိ​ဒျန်​တပ်​ထဲ​သို့​လိမ့်၍ တဲ​တစ်​ဆောင်​ကို​တွေ့​လျှင်၊ ထိ​ခိုက်​မှောက်​လှန်​ဖြို​ချ​လေ၏​ဟု ဆို​သော်၊


လူ​သုံး​ရာ​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့်၊ တပ်​သား​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍၊ ဇေ​ရ​ရတ်​အ​ရပ် ဗက်​ရှိ​တ္တ​မြို့​သို့​လည်း​ကောင်း၊ တ​ဗ္ဗတ်​မြို့​နား​မှာ အာ​ဗေ​လ​မ​ဟော​လ မြို့​နယ်​သို့​လည်း​ကောင်း ပြေး​ကြ၏။


ဂိ​ဒေါင်​သည် နော​ဗာ​မြို့၊ ယု​ဗ္ဗေ​ဟ​မြို့​အ​ရှေ့၊ တဲ၌​နေ​သူ​တို့​လမ်း​ဖြင့် ချီ​သွား၍၊ မ​စိုး​ရိမ်​ဘဲ​နေ​သော မိ​ဒျန်​တပ်​ကို လုပ်​ကြံ​သ​ဖြင့်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ