သူကြီး 6:4 - Judson Bible in Zawgyi Version4 တပ်ချသဖြင့်၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန်၍မထား။ သိုးနွားမြည်းကိုလည်း ချန်၍မထားကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 တပ်ချ၍ တိုက်ခိုက်ကြ၏။ ဂါဇမြို့တိုင်အောင် ထိုပြည်၏အသီးအနှံတို့ကိုဖျက်ဆီးပစ်ကြ၏။ အစ္စရေးလူမျိုးတို့၏စားနပ်ရိက္ခာမှစ၍ သိုး၊ နွား၊ မြည်းပါမကျန် ဖျက်ဆီးပစ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 သူတို့သည်ဣသရေလမြေပေါ်တွင်တပ်စခန်း ချ၍ တောင်ဘက်ရှိဂါဇမြို့တစ်ဝိုက်မြေယာများ တိုင်အောင် အသီးအနှံတို့ကိုဖျက်ဆီးပစ်တတ် ကြ၏။ သူတို့သည်သိုးနွားမြည်းမှစ၍ရှိသမျှ ကိုသိမ်းယူကြသဖြင့် ဣသရေလအမျိုးသား တို့အတွက်အဘယ်စားစရာမျှမကျန်တော့ ချေ။- အခန်းကိုကြည့်ပါ။ |
ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူမီ၊ ဇောရမြို့သို့သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍၊ ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အဲဂုတ္တုပြည်ကဲ့သို့လည်းကောင်းဖြစ်သည်ကို၊ လောတမျှော်ကြည့်၍မြင်လျှင်၊
ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့်ကိုစားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြလိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်းတိုက်၍ လုပ်ကြံကြလိမ့်မည်။