Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 4:11 - Judson Bible in Zawgyi Version

11 မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထိုစဉ်က ကေနိ​လူမျိုး​၊ ဟေဗာ​သည် မောရှေ​ယောက္ခမ​ဟောဗပ်​၏​သားမြေး​များ​ဖြစ်​သည့် ကေနိ​လူမျိုး​တို့​မှ ခွဲထွက်​၍ ကေဒေရှ​မြို့​အနီး​၊ ဇာနန္နိမ်​အရပ်​ရှိ ဝက်သစ်ချပင်​အောက်​တွင် တဲထိုး​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဤ​အ​တော​အ​တွင်း​၌​ကေ​နိ​အ​မျိုး​သား ဟေ​ဗာ​သည် ကာ​ဒေ​ရှ​မြို့​အ​နီး​ဗာ​နိမ်​အ​ရပ် ရှိ​သ​ပိတ်​ပင်​ခြေ​ရင်း​၌​မိ​မိ​၏​တဲ​ကို​တည် ဆောက်​၏။ သူ​သည်​မော​ရှေ​၏​ယောက်​ဖ၊ ဟော​ဗက် ၏​သား​မြေး​များ​ဖြစ်​သူ​အ​ခြား​ကေ​နိ​အ​နွယ် ဝင်​တို့​ထံ​မှ​ပြောင်း​ရွှေ့​လာ​သူ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 4:11
13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် မော​ရှေ​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော မော​ရှေ၏​ယော​က္ခ​မ ယေ​သ​ရော​ကြား​သည်​ရှိ​သော်၊


ထို​မိန်း​မ​တို့​သည် အ​ဘ​ရွေ​လ​ထံ​သို့​ရောက်​ကြ​သော်၊ အ​ဘ​က အ​ဘယ်​ကြောင့် ယ​နေ့​အ​လျင်​အ​မြန်​ရောက်​လာ​ရ​ကြ​သ​နည်း​ဟု မေး​လေ​၏။


မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။


မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း ငါ​တို့​အား​ပေး​တော်​မူ​မည်​အ​ရပ်​သို့ ငါ​တို့​သည် ယ​ခု​ခ​ရီး​သွား​ကြ၏။ ငါ​တို့​နှင့်​အ​တူ လိုက်၍​လာ​ပါ။ ငါ​တို့​သည် ကျေး​ဇူး​ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​မည် က​တိ​ရှိ​ပါ၏​ဟု မိ​မိ​ယော​က္ခ​မ​မိ​ဒျန်​အ​မျိုး၊ ရွေ​လ​သား၊ ဟော​ဗပ်​အား​ဆို​လျှင်၊


ငါ​တို့​နှင့် အ​တူ​လိုက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကို ငါ​တို့​သည်​ခံ​ရ​သည်​အ​တိုင်း သင်၌​ကျေး​ဇူး​ပြု​ပါ​မည်​ဟု ဆို​လေ၏။


တစ်​ဖန် ကေ​နိ​အ​မျိုး​သား​တို့​ကို ကြည့်​ရှု၍ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​ပြန်​သည်​ကား၊ သင်​တို့​နေ​ရာ​သည် အား​ကြီး၏။ ကျောက်​ပေါ်​မှာ အ​သိုက်​ကို​လုပ်​ကြ​ပြီ။


သူ​တို့​အ​ပိုင်း​အ​ခြား​သည် ဟေ​လပ်​မြို့၊ အာ​လုန်​မြို့၊၊ ဇာ​န​န္နိမ်​မြို့၊ အာ​ဒ​မိ​မြို့၊ နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့၊ လာ​ကုံ​မြို့​ပါ​လျက် ယော်​ဒန်​မြစ်၌​ဆုံး​လေ၏။


ကေ​ဒေ​ရှ​မြို့၊ အင်​ဟာ​ဇော်​မြို့၊ ဧ​ဒြိ​မြို့၊


မော​ရှေ​ယော​က္ခ​မ၏​သား​မြေး​ဖြစ်​သော ကေ​နိ​အ​မျိုး​သား​တို့​သည်၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ စွန်​ပ​လွံ​မြို့​မှ အာ​ရဒ်​မြို့​တောင်​ဘက်၊ ယု​ဒ​တော​သို့ လိုက်​သွား၍ နေ​ရာ​ကျ​ကြ၏။


အ​ဘိ​နောင်၏​သား ဗာ​ရက်​သည် တာ​ဗော်​တောင်​ပေါ်​သို့ တက်​ကြောင်း​ကို သိ​သ​ရ​အား ကြား​ပြော​လျှင်၊


တစ်​ဖန် ဒေ​ဗော​ရ​သည် လူ​ကို​စေ​လွှတ်၍၊ နဿ​လိ​ခ​ရိုင် ကေ​ဒေ​ရှ​မြို့​မှာ​နေ​သော အ​ဘိ​နောင်၏​သား ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်၊ သင်​သည် နဿ​လိ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က လူ​တစ်​သောင်း​ကို​သွေး​ဆောင်၍ တာ​ဗော်​တောင်​သို့ သွား​လော့။


ကေ​နိ​လူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လျက်၊ သင်​တို့​ကို အာ​မ​လက်​လူ​တို့​နှင့်​အ​တူ ငါ​ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​အ​ထဲ​က ထွက်​သွား၍ နေ​ရာ​ပြောင်း​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ သင်​တို့​သည် ကျေး​ဇူး​ပြု​ကြ​ပြီ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ကေ​နိ​လူ​တို့​သည် အာ​မ​လက်​လူ​တို့​အ​ထဲ​က ထွက်​သွား​ကြ၏။


အာ​ခိတ်​မင်း​က၊ သင်​တို့​သည် ယ​နေ့ အ​ဘယ်​အ​ရပ်​သို့​သွား၍ တိုက်​သ​နည်း​ဟု မေး​သော်၊ ဒါ​ဝိဒ်​က၊ ယု​ဒ​ပြည်​တောင်​ဘက်၊ ယေ​ရ​မေ​လ​ပြည်​တောင်​ဘက်၊ ကေ​နိ​ပြည်​တောင်​ဘက်​သို့ သွား၍ တိုက်​ပါ​သည်​ဟု လျှောက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ