Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 3:6 - Judson Bible in Zawgyi Version

6 သူ​တို့​သ​မီး​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျက်၊ မိ​မိ​တို့​သ​မီး​ကို​ပေး​စား​လျက်၊ သူ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ကြ​၏​။ မိမိ​တို့​၏​သမီး​များ​ကို​လည်း ထို​လူမျိုးခြား​တို့​၏​သား​များ​နှင့် ပေးစား​ကြ​၏​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း ဝတ်ပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 သူ​တို့​သည်​ထို​သူ​တို့​၏​သား​သ​မီး​များ​နှင့် ထိမ်း​မြား​စုံ​ဖက်​ကာ​သူ​တို့​၏​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 3:6
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​နှင့်​ရော​နှော၍ သူ​တို့၏​ဘာ​သာ​ဓ​လေ့​ကို သင်​ကြ၏။


သင်​သည် ထို​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့် မှား​ယွင်း​ခြင်း​ကို​ပြု၍၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​သော​အ​ခါ၊ သင့်​ကို​ခေါ်၍ သင်​သည် ထို​ယဇ်​ကောင်​ကို​စား​မည်​ဟူ၍​လည်း​ကောင်း၊


သင်​သည် သူ​တို့​သ​မီး​များ​ကို​ယူ၍၊ ကိုယ်​သား​တို့​နှင့် ထိမ်း​မြား​ပေး​စား​သ​ဖြင့်၊ ထို​သ​မီး​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့်​မှား​ယွင်း​ခြင်း​ကို​ပြု၍ သင်၏​သား​တို့​ကို ထို​ဘု​ရား​တို့​နှင့် မှား​ယွင်း​စေ​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။


ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်​မှာ၊ သင်၏​မူ​လ၊ သင်၏​မွေး​ဖွား​ရာ​ဌာ​န​သည် ခါ​နာန်​ပြည်၌​ရှိ၏။ သင်၏ အ​ဘ​သည် အာ​မော​ရိ​လူ၊ သင်၏​အ​မိ​သည်​ဟိ​တ္တိ​အ​မျိုး​ဖြစ်၏။


သို့​မ​ဟုတ် သင်​တို့​သည်​ရွေ့​လျော့၍၊ သင်​တို့​တွင် ကျန်​ကြွင်း​သေး​သော ဤ​လူ​မျိုး​တို့၌ မှီ​ဝဲ​လျက်၊ ထိမ်း​မြား​ပေး​စား၍ ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​ရှိ​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ