Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 3:4 - Judson Bible in Zawgyi Version

4 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဘိုး​ဘေး​တို့​ကို မှာ​ထား​တော်​မူ​သော ပ​ညတ်​များ​အ​တိုင်း​ကျင့်​မည် မ​ကျင့်​မည်​ကို​ထင်​ရှား​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​ကို စုံ​စမ်း​ဖို့​ရာ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဤ​လူမျိုး​တို့​ကို ချန်ထား​သည်​မှာ မောရှေ​မှတစ်ဆင့် ဘိုးဘေး​တို့​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို အစ္စရေး​လူမျိုး​တို့ နာခံ​မည်​၊ မ​နာခံ​မည်​ကို သိရှိ​နိုင်​မည့်​အကြောင်း စမ်းသပ်​ရန်​အတွက် ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​တို့ ကို​လိုက်​နာ​ကျင့်​သုံး​မည်​မ​ကျင့်​သုံး​မည်​ကို သိ​ရှိ​နိုင်​စေ​ရန်​ကိုယ်​တော်​သည်​အ​ဆို​ပါ​လူ မျိုး​တို့​ကို​အ​သုံး​ပြု​၍​စစ်​ကြော​တော်​မူ​လို သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 3:4
7 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် သစ်​ပင်​တစ်​ပင်​ကို​ပြ​တော်​မူ၏။ ထို​အ​ပင်​ကို​ရေ​ထဲ​သို့​ချ​ပြီး​လျှင်၊ ရေ​သည်​ချို​လေ​၏။ ထို​အ​ရပ်၌ သူ​တို့​ကို​စုံ​စမ်း၍ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သည်​ကား၊


ကြား​ရ​သည်​အ​တိုင်း မှန်​ကောင်း​မှန်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ကောင်း​မွန်​သော သူ​တို့​ကို ထင်​ရှား​စိမ့်​သော​ငှာ သင်း​ခွဲ​ခြင်း​ရှိ​ရ​မည်။-


လေ​ဝိ​အ​မျိုး​ကို​ကား၊ သင်၏​သု​မိမ်​နှင့်​ဥ​ရိမ်​သည် မဿာ​အ​ရပ်၌ သင်​စုံ​စမ်း၍၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား​မှာ သင်​ဆန့်​ကျင်​ဘက်​ပြု​သော သင်၏ သန့်​ရှင်း​သူ၌ ရှိ​ပါ​စေ​သော၊


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။


သူ​တို့​ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ လိုက်​ခြင်း​ငှာ စောင့်​ရှောက်​သ​ကဲ့​သို့ သူ​တို့​သည်​စောင့်​ရှောက်​မည်​လော၊ မ​စောင့်​ရှောက်​လော​ဟု ကျန်​သေး​သော​လူ​မျိုး​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​စုံ​စမ်း​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊


ခါ​နာန်​ပြည်၌ တိုက်​သော စစ်​မှု​ရှိ​သ​မျှ​တို့​ကို မ​သိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ စစ်​မှု​ကို​မ​သိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​သည် စစ်​အ​တတ်​ကို​သင်၍ တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ချန်​ထား​တော်​မူ​သော လူ​မျိုး​များ​ဟူ​မူ​ကား၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ